Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံသမ္မတနိုင်ငံအတွင်းမှ ထွက်ခွါခဲ့ပြီး တာလီဘန်တို့ က အာဏာကိုငြိမ်းချမ်းစွာ လွှဲပြောင်းရယူမည်

ကဘူးလ်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
အာဖဂန် နစ္စတန်နိုင်ငံသမ္မတ Mohammad Ashraf Ghani သည် နိုင်ငံအတွင်းမှ ထွက်ခွါသွားပြီဖြစ်ကြောင်း
အာဖဂန်အမျိုးသားပြန်လည်သင့်မြတ်ရေးကောင်စီအကြီးအကဲ Abdullah Abdullah က ၎င်း၏ facebook စာမျက်နှာတွင် ရုပ်သံဖိုင်တစ်ခုဖြင့် အတည်ပြုပြောကြားခဲ့သည်။
အာဖဂန် ပြည်တွင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် Tolo News က လည်း အာဖဂန် နစ္စတန်နိုင်ငံသမ္မတ Mohammad Ashraf Ghani သည် နိုင်ငံအတွင်းမှ ထွက်ခွါသွားကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
အာဖဂန်နိုင်ငံ၏ ယာယီပြည်ထဲရေးဝန်ကြီး Abdul Sattar Mirzakwal က “ အသွင်ကူးပြောင်းရေးအစိုးရ ထံ အာဏာအားငြိမ်းချမ်းစွာလွှဲပြောင်းပေးမည်ဟု” အစောပိုင်းက ဆိုသည်။
တာလီဘန်ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က လည်း ၎င်းတို့အနေဖြင့် အာဏာကိုငြိမ်းချမ်းစွာလွှဲပြောင်းရယူရန် သမ္မတနန်းတော် နှင့်ဆွေးနွေးပြောကြားခဲ့ပြီးဖြစ်ကြောင်းအတည်ပြုသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် အမေရိကန်သံရုံးထမ်းများကိုရဟတ်ယာဉ်များဖြင့် ကယ်ထုတ်ခဲ့ပြီး ကာဘူးလ်မြို့ရှိ EU ဝန်ထမ်းများမှာလည်း ဘေးကင်းလုံခြုံရာ သို့ရွှေ့ပြောင်းသွားကြပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လူပုဂ္ဂိုလ်များအား ကယ်ထုတ်ရာတွင် အကူအညီပေးနိုင်ရေးအတွက် အာဖဂန်နိုင်ငံသို့ တပ်ဖွဲ့၅,၀၀၀ ခန့် စေလွှတ်ရန် ၎င်းအနေဖြင့် ခွင့်ပြုခဲ့ကြောင်း ၊ တာလီဘန်တို့အနေဖြင့် အမေရိကန်လူပုဂ္ဂိုလ်များနှင့် တပ်ဖွဲ့ဝင်များအား အန္တရာယ်မပြုရန် သတိပေးကြောင်း ပြီးခဲ့သည့် စနေနေ့က ဆိုသည်။ (Xinhua)

………………………………
(English Version)
GLOBALink | Afghan President Ghani leaves Kabul
Afghan President Mohammad Ashraf Ghani has left the country, local TV channel Tolo News TV reported.
Produced by Xinhua Global Service■