Connect with us

Media

COVID-19 ကပ်ရောဂါ ဇစ်မြစ်လိုက်ခြင်းနောက်ကွယ်မှာ အလိမ်အညာဘာတွေရှိမလဲ

ပေကျင်း၊ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်က အမေရိကန်မီဒီယာများသည် COVID-19 သည် ဝူဟန့်မြို့ ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရေးသားဖော်ပြခဲ့ကြသည်။ သို့ရာတွင် သက်သေပြစရာမရှိချေ။ ထင်မြင်ချက်များ ၊ သိပ္ပံဆိုင်ရာယူဆချက်များ စသဖြင့် မသေချာမရေရာမှုများဖြင့်သာ ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်ဧပြီ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု လွှတ်တော်ဥက္ကဌ နန်စီပလိုစီ က အိတ်ဖွင့်ပေးစာထဲတွင် “ အမှန်တရားကတော့ အားနည်း ပြီး အရည်အချင်းမရှိတဲ့ခေါင်း‌ဆောင်တစ်‌ယောက်ဟာ တာဝန်ခံမှုလုံးဝမရှိပါဘူး၊ အားနည်းတဲ့သူဟာ အခြားသူကိုပဲ အပြစ်ဖို့တတ်စမြဲပါပဲ” ဟု ဆိုသည်။

COVID-19 ၏ ဇစ်မြစ်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ၏ အမြင်များအနေဖြင့် ပိုးမွှားဗေဒဆိုင်ရာအတိုင်ပင်ခံ စတီဗင်ဝင်ချက်စတာက “ကျွန်တော်ထင်တာကတော့ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ သဘာဝအတိုင်းပေါ်ထွက်လာတာပါပဲ “ ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပိုးမွှားဗေဒကျွမ်းကျင်ပညာရှင် အန်တိုနီဖော်စီ က “ ဒါဟာ တိရစ္ဆာန်တွေဆီကနေ လူသားတွေဆီကို သဘာဝအတိုင်းကူးစက်လာတဲ့ဖြစ်ရပ်တစ်ခုဖြစ်ဖွယ်ရှိပါတယ်”ဟု ဆိုသည်။

အခြားမီဒီယာများ၏ ဖော်ပြချက်များတွင်လည်း COVID-19 သည် မိမိတို့ထင်ထားသည်ထက်စော၍ကမ္ဘာ တစ်ဝန်းလုံးတွင်နေရာအမြောက်အမြား၌ ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.