Connect with us

Media

ခေတ်မီဆန်းသစ်သောနည်းပညာများဖြင့်ကြိုးတံတား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းဆောင်ရွက်

စီချွမ်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှိ Ya’an-kangding အမြန်လမ်းတွင် ၁.၄ ကီလိုမီတာ အရှည်ရှိ Dadu မြစ်ကူး ကြိုးတံတားကြီးကို ဆန်းသစ်သောနည်းပညာ များဖြင့် စစ်ဆေးနိုင်ရန် တပ်ဆင်ထားသည်။Sichuan Yakang Expressway Co.,ltd ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်Tang Deqiang က “Ya’an-kangding အမြန်လမ်း မှာရှိတဲ့ Dadu မြစ်ကူး ကြိုးတံတားဟာ လေတိုက်နှုန်းအမျိုးမျိုးနဲ့ ငလျင်ဒဏ်ပြင်းပြင်းခံနိုင်ရည်ရှိစေမယ့် အမြင့်ပိုင်းဒေသမှာတည်ဆောက်ထား တဲ့ အလွန်ရှည်လျားသောသံမဏိသံဘောင်ကြိုးတံတားတစ်စင်းဖြစ်ပါတယ်၊ တံတားရဲ့ စုစုပေါင်းအရှည်က ၁,၄၁၁ မီတာရှိပါတယ်၊” ဟု ဆိုသည်။

လက်ရှိ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌ ဆန်းသစ်သောနည်းစနစ်များအားအသုံးပြုထားသည်ကိုမြင်တွေ့နိုင်မည်ဖြစ်သည်။အချက်အလက်များအားအခြေခံသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာစောင့်ကြည့် စစ်ဆေးခြင်းသည် အတိတ်ကအသုံးပြုခဲ့ကြသည့် တံတား ထိန်းသိမ်း‌ရေးသမားရိုးကျနည်းလမ်းအား တမူကွဲပြားစေသည်။

Sichuan Yakang Expressway Co.,ltd မှ Chen Xudong က “ အတိတ်က ကျွန်တော်တို့ တံတားရဲ့ အခြေအနေကို စစ်ဆေးချင်ရင်တံတားတစ်လျှောက် လမ်းလျှောက်ပြီး စစ်ဆေးခဲ့ရတာပါ၊ အခုတော့ကျွန်တော်တို့ တံတားကိုစစ်ဆေးတဲ့အခါ ပြုပြင်ထိန်းသိမ်းတဲ့အခါတွေမှာ နည်းပညာတွေကိုပိုပြီးအသုံးချလာနိုင်ခဲ့ပါပြီ၊ ဒီနည်းလမ်းတွေက ပိုပြီးတိကျပြီးတော့သိပ္ပံနည်းကျတယ် လို့ ယုံကြည်ရပါတယ်” ဟုဆိုသည်။

တံတားကြီးအား အချိန် ၅နှစ်ကြာတည်ဆောက်ပြီးနောက် ၂၀၁၈ နှစ်ကုန်ပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့သည်။ တီထွင်ဆန်းသစ်မှုများက တံတားကြီးအား အစောပိုင်းတည်ဆောက်မှုတွင် ပေါ်လွင်ထင်ရှားရုံသာမက လက်ရှိအချိန်အထိ လည်ပတ်အသုံးပြုနေရဆဲဖြစ်သည်။

တံတားကြီးသည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လမ်ပန်းဆက်သွယ်ရေးကိုကောင်းမွန်စေပြီး လယ်ယာထွက်ကုန်များအား အဆင်ပြေ လွယ်ကူစွာသယ်ယူ ပို့ဆောင်နိုင်သည့်အပြင် ပြည်တွင်းဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး လုပ်ဆောင်ရာ ၌လည်းအထောက်အကူပြုကြောင်းသိရသည်။ (Xinhua)

……………………………………..
(English Version)

GLOBALink | Mega bridge in SW China relies on innovations in operation, maintenance

CHENGDU, July 27 (Xinhua) — The Dadu River Bridge, a 1.4-km-long suspension bridge on the Ya’an-Kangding expressway in southwest China’s Sichuan Province, has been characterized by technological innovations from construction to operation.
The bridge opened to traffic at the end of 2018 after five years of building.

Innovative processes were not only evident in the bridge’s early construction, but are also still seen in its current operation.
Information-based scientific and technological monitoring has changed the traditional way of maintenance, which mainly relies on people in the past.

Equipment that facilitates smart operating and maintaining of the bridge includes surveillance cameras, anemoscope, specially designed guardrail, and a monitoring system with observation points.

The Ya’an-Kangding expressway has opened up new possibilities in Ganzi Tibetan Autonomous Prefecture, greatly improving local traffic, promoting the transportation of agricultural and sideline products, and contributing to the region’s poverty alleviation efforts.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.