Connect with us

Media

COVID-19 ဟာ ဓါတ်ခွဲခန်းက ထွက်ပေါ်လာတယ်ဆိုတဲ့ သီအိုရီ ဟာ “အလွန် ယုတ္တိမတန်” လို့ သိပ္ပံပညာရှင်တွေ ဘာကြောင့်ထင်မြင်တာလဲ

ပေကျင်း၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် COVID-19 သည် ဝူဟန့်ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာသည် ဆိုသည့် သီအိုရီအား အသားပေးဖော်ပြကာ အချိန်ရက်ပေါင်း ၉၀ အတွင်း COVID-19 ၏ မူလဇစ်မြစ်အား အစီရင်ခံစာတစ်စောင်ထုတ်ပြန်ရန် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အားတာဝန်ပေးအပ်ထားရာ သိပ္ပံပညာရှင်များစွာက COVID-19 ၏ မူလဇစ်မြစ်နှင့်စပ်လျဉ်းသည့် ၎င်းတို့၏ သိပ္ပံနည်းကျထင်မြင်ချက်များကိုဖော်ပြခဲ့ကြသည်။

“အလွန် ယုတ္တိမတန်” ဟု ချီကာဂိုတက္ကသိုလ်တွင် အချိန်ကြာမြင့်စွာလုပ်ကိုင်ခဲ့သည့် ဆင့်ကဲဗေဒဆိုင်ရာ ဇီဝဗေဒပညာရှင် Wu Chung-I ကပြောကြားခဲ့ကြောင်း South China Morning Post တွင်ဖော်ပြခဲ့သည်။

လူသားတို့ ကို ကူးစက်တဲ့ ဗိုင်းရပ်စ်ကို ဖန်တီးဖိုဆိုရင် အလွန်ရှည်လျားတဲ့ လုပ်ငန်းစဉ် နဲ့ ဖန်တီးလုပ်ဆောင်မှ ရမှာပါလို့ ဝူက အွန်လိုင်းဆွေးနွေးပွဲ၌ပြောကြားခဲ့သည်။

ဒယ်လ်တာ ဗီဇပြောင်း ဗိုင်းရပ်စ်နမူနာမှာ COVID-19 ၏ အရိုင်းဗီဇအပေါ်အခြေခံပြီး မျိုးကွဲပေါင်းများစွာဖြစ်ပေါ်ကာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့လျက်ရှိရာ ၎င်းမှာ သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်အား မျိုးကွဲအချို့ပေါင်းထည့်ခြင်းဖြစ်ပြီး လူသားများစွာကို ထိခိုက်စေသော အလွန်အစွမ်းထက်သည့် ဗိုင်းရပ်စ်ဖြစ်လာစေရန်လုပ်ဆောင်သည်ဟုဆိုခြင်းသည် အလွန်ယုတ္တိမရှိသည်ကိုပြသရာရောက်ကြောင်း ဝူ က မှတ်ချက်ပြုသည်။

“ဗိုင်းရပ်စ်ကိုဓါတ်ခွဲခန်းက ထုတ်လိုက်တယ်ဆိုတာမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ဟာ သဘာဝက နေ တိရစ္ဆာ‌န်တွေကတဆင့် ရောက်လာတယ်ဆိုတာမျိုး၊ ပြီးတော့ လူသားတွေဆီကိုတမင်လွှတ်ပေးလိုက်တယ်ဆိုတာမျိုးနဲ့ လူဦးရေ လျော့ကျအောင် လုပ်ဖို့ဆိုတာတွေက စိတ်ကူးလို့တောင်မရနိုင်ပါဘူး၊ ကျွန်တော်ကတော့ဒါကို လုံးဝယုတ္တိမရှိဘူးလို့ထင်ပါတယ်”ဟု ဆိုသည်။

Glasgow တက္ကသိုလ် ဗိုင်းရပ်စ်သုတေသန ဌာနမှ ပိုးမွှားဗေဒလေ့လာရေးပညာရှင်တစ်ဦးဖြစ်သူ ပရော်ဖက်ဆာ David Robertson ကလည်း အလားတူအမြင်ရှိသူဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဂါးဒီးယန်းသတင်းစာသို့ ပြောကြားရာ၌ (SARS-CoV-2) ဟာ လူသားတွေထုတ်လုပ်လိုက်တဲ့ ဗိုင်းရပ်စ်မဟုတ်ပါဘူး ဒီဗိုင်းရပ်စ်ဟာကျွန်တော်တို့အခေါ်တော့ ဇစ်မြစ်မပေါ်ဘဲပေါက်ပွားတဲ့ဗိုင်းရပ်စ်မျိုး generalist သို့မဟုတ် promiscuous ဗိုင်းရပ်စ်လို့ခေါ်ပါတယ်” ဟုဆိုသည်။

ဆင်ဟွာနှင့်အီးမေးလ်မှတစ်ဆင့်အစောပိုင်းပြုလုပ်သည့်အင်တာဗျူးထဲတွင် ရောဘတ်ဆန်က ဗိုင်းရပ်စ်သည်ဓါတ်ခွဲခန်းမှထွက်ပေါ်လာသည့် အယူအဆမှာ ဝူဟန်ပိုးမွှားဗေဒ အင်စတီကျု့၏ တည်နေရာအခြေအနေအပြင်အခြားသက်သေအထောက်အထားမရှိကြောင်းပြောကြားခဲ့သည်။

သို့ရာတွင် Rocky Mountain ဓါတ်ခွဲခန်းများ၌လုပ်ကိုင်သည့် ပိုးမွှားဗေဒပညာရှင် Vincent Munster က ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရပ်ဆိုင်ရာ Nature ဂျာနယ်တွင်ဖော်ပြထားချက်မှာ “ ဒီလို ရောဂါကူးစက်မှုအသစ်တွေဖြစ်လာခဲ့ပြီဆိုရင် ၁၀ ကြိမ်မှာ ၉ ကြိမ်ကတော့ ခင်ဗျားတို့အဲဒီ ဗိုင်းရပ်စ်အမျိုးအစားတွေကိုထုတ်လုပ်ထားတဲ့ ဓါတ်ခွဲခန်းကို တွေ့ပါလိမ့်မယ်” ဟုဆိုသည်။ သူက အခြား သေစေနိုင်သောပြင်းထန်သည့်ရောဂါများဖြစ်သည့် အာရှတိုက်တွင် တုပ်ကွေးဆိုင်ရာဓါတ်ခွဲခန်းများ၊ အာဖရိကတိုက်နှင့် လက်တင်အမေရိကတိုက်များရှိ သွေးလွန်တုပ်ကွေးနှင့်ဖျားနာမှုဆိုင်ရာဓါတ်ခွဲခန်းများ၏ အမည်များအားပြောကြားခဲ့သည်။

Nature မှ ထပ်မံ၍ SARS-CoV-2 ဟာ ကပ်ရောဂါတစ်ခုအထိဖြစ်ပွားခဲ့တယ်ဆိုတော့ ဒါဟာတမင်ထုတ်ထားတာပဲဖြစ်ရမယ်ဆိုတာအမှန်ပါပဲလားလို့မေးခဲ့ရာ သိပ္ပံပညာရှင်များစွာမှ မဟုတ်မှန်ကြောင်းအဖြေပြန်ပေးခဲ့သည်။

“လူသားတွေကြားမှာ ပျံ့နှံ့ရုံလောက်နဲ့ ဗိုင်းရပ်စ်ဟာ လူသားတွေထုတ်ထားတယ်လို့တော့ပြောလို့မရပါဘူး၊ ဒါဟာ ကုန်းနေ ရေနေ သတ္တဝါတွေကြားမှာလည်းပျံ့နှံ့နိုင်သလို အသားစား နို့တိုက်သတ္တဝါတွေကို ကူးစက်တာမျိုးလည်းဖြစ်ပါတယ်။ ပြီးတော့ မနှစ်ကလောက် လူသားအချင်းချင်း ကူးစက်ဖို့ကောင်းတဲ့အချိန်မရှိသေးလို့လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး အသစ်ထပ်ထွက်တဲ့ ပိုပြီးအားပြင်းတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်များစွာလည်းတကမ္ဘာလုံးမှာပေါ်လာပါပြီ” ဟု ဆောင်းပါးတွင်ရှင်းပြထားသည်။

Nature မှ ဗိုင်းရပ်စ်၏ ဗီဇမှာနားလည်ရန်ခက်ခဲပြီး ရှုပ်ထွေးသည့်သ‌ဘောရှိကြောင်းကို SARS နှင့် အီဘိုလာ ရောဂါ များ၏ နမူနာများ နှင့် မှတ်ချက်ပြုခဲ့သည်။

SARS ကူးစက်ရောဂါ၏ မူလဇစ်မြစ်အားရှာဖွေရန် အချိန် ၁၄ နှစ်ကြာမြင့်ခဲ့သည်။ လက်ရှိအချိန်အထိ အီဘိုလာဗိုင်းရပ်စ်သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာပေါ်တွင်အကြီးဆုံး ကူးစက်မှုဖြစ်ပွားခဲ့သည့်ဒေသရှိ တိရစ္ဆာန် ၌ ရှိနေဆဲပင်ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုဇစ်မြစ်စုံစမ်းစစ်ဆေးခြင်းသည် နှစ်များစွာကြာမြင့်နိုင်သည့်အပြင် အချို့လက်သည်များကိုလည်း ရှာတွေ့နိုင်မည်မဟုတ်ကြောင်း Nature က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

………………………….

(English Version)
GLOBALink | Why do scientists think COVID-19 lab leak theory “extremely unlikely”?
BEIJING, Aug. 23 (Xinhua) –As the U.S. is hyping Wuhan “lab leak” theory and tasked its intelligence community to produce a report on the origin of COVID-19 within 90 days, more and more scientists have given out their scientific opinions about the origins tracing of the COVID-19.
“Extremely unlikely,” Wu Chung-I, an evolutionary biologist who has spent most of his career at the University of Chicago, was quoted by the South China Morning Post on Friday.

“The virus has to go through a very long process to become extremely well-adapted to human conditions,” said Wu at an online seminar.
The example of the Delta variant, which is spreading globally and has undergone multiple mutations on the basis of the wild strain of COVID-19, shows it is highly unlikely that researchers could just tinker with the virus to add a few mutations and expect it to become super efficient at infecting the human population, Wu was quoted as saying.
“It’s inconceivable either through lab synthesis or through taking a virus from nature, from any animal, and releasing it into the human population and expecting it to burn through the population. I consider it extremely unlikely,” he said.

Professor David Robertson, a virologist with Glasgow University’s center for virus research, holds a similar point of view.

He told the Guardian on Sunday that “It (the SARS-CoV-2) isn’t a human-adapted virus. It is what we call a generalist or promiscuous virus.”
Earlier in an email interview with Xinhua, Robertson said that the lab leak theory “offers no evidence other than the circumstantial location of the Wuhan Institute of Virology.”

However, Vincent Munster, a virologist at the Rocky Mountain Laboratories, was quoted by Nature, the world’s leading science journal, as saying that “Nine out of 10 times, when there’s a new outbreak, you’ll find a lab that will be working on these kinds of viruses nearby.” He names other labs that focus on endemic viral diseases, such as influenza labs in Asia, hemorrhagic fever labs in Africa and dengue-fever labs in Latin America.

 

Nature also raised a question “Is it true that SARS-CoV-2 must have been engineered because it’s perfect for causing a pandemic?” The journal gave the answer of “no” from many scientists.

“Just because the virus spreads among humans doesn’t mean it was designed to do so. It also flourishes among mink and infects a host of carnivorous mammals. And it wasn’t optimally transmissible among humans for the better part of last year. Rather, new, more efficient variants have evolved around the world,” the Nature article explained.

The Nature article also noted the elusiveness of a virus, giving examples such as SARS and Ebola.

It took 14 years to nail down the origin of the SARS epidemic. And to date, a complete Ebola virus has never been isolated from an animal in the region where the world’s largest outbreak occurred between 2013 and 2016.
Outbreak-origin investigations often take years and some culprits remain unknown, says Nature.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.