Connect with us

Media

ရုရှားစစ်တပ်က  မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံ ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဟုဆို

မော်စကို၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရုရှားစစ်တပ်သည် မာရီယူပိုးလ်မြို့ရှိ  Azovstal သံနှင့် သံမဏိစက်ရုံကို  “အလုံးစုံထိန်းချုပ်လိုက်ပြီ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်ညပိုင်း၌ ကြေညာခဲ့သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “စစ်သွေးကြွတွေပုန်းအောင်းခဲ့တဲ့ စက်ရုံရဲ့မြေအောက် အခန်းတွေအထိ ရုရှားစစ်တပ်က ထိန်းချုပ်လိုက်နိုင်ပြီ” ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် နောက်ဆုံးကျန်သည့် စစ်သွေးကြွ ၅၃၁ ဦးလုံး ယနေ့တွင်လက်နက်ချလိုက်ပြီ ဟု ထည့်သွင်းဖော်ပြထားပြီး ထိုအထဲတွင် မေလ ၁၆ ရက် ကတည်းက လက်နက်ချခဲ့ကြသော  Azov နာဇီ တိုက်ခိုက်ရေးသမားများနှင့် ယူကရိန်းစစ်သားစုစုပေါင်း ၂,၄၃၉ ဦးတို့ပါဝင်ကြောင်းဆိုသည်။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က စစ်ဆင်ရေးပြီးဆုံးကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်ထံ အစီရင်ခံခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဆင်ဟွာသတင်းထောက်များက မော်စကိုမြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………………………………

(English Version)

Russian forces “completely liberate” Azovstal steel plant in Mariupol

STANDUP (English): MENG JING, Xinhua correspondent

“The Russian Defense Ministry said Friday night that the Russian forces have ‘completely liberated’ the Azovstal steel plant in Mariupol.

The ministry said in a statement that ‘the underground facilities of the enterprise, in which the militants were hiding, are in complete control of the Russian armed forces.’

It said that ‘the last group of 531 militants surrendered today,’  adding that ‘a total of 2,439 Azov Nazis and Ukrainian soldiers had laid down their arms since May 16.’

According to the statement, Russian Defense Minister Sergei Shoigu has reported to Russian President Vladimir Putin on the completion of the operation.”

 

Xinhua News Agency correspondents reporting from Moscow.

(XHTV)