Connect with us

Media

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်တစ်ခုလုံး၏ ရောင်စုံရုပ်ပုံများ ထုတ်ပြန်

 

ဟဲဖေ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးမစ်ရှင်အတွင်း ရရှိခဲ့သည့် အင်္ဂါဂြိုဟ်တစ်ခုလုံး၏ ပုံရိပ်များအား တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) နှင့် တရုတ်သိပ္ပံအကယ်ဒမီတို့က ဧပြီ ၂၄ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းရုပ်ပုံများသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ၈ လတာကာလအတွင်း Tianwen-1 ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်ပေါ်ရှိ အဝေးထိန်းအာရုံခံကင်မရာက ရယူခဲ့သည့် ရုပ်ပုံ ၁၄,၇၅၇ ပုံပေါ်တွင် အခြေခံထားကြောင်း CNSA ထံမှ သိရသည်။

ယခု ၂၀၂၃ ခုနှစ် မေလ ၁ ရက်မှ စတင်ကာ Tianwen-1 ၏ သိပ္ပံအချက်အလက်များအား ကမ္ဘာအား ဖြန့်ဝေသွားမည်ဟု ဆိုသည်။ (Xinhua)

……………………………
(English Version)
China releases global color images of Mars
The China National Space Administration (CNSA) and the Chinese Academy of Sciences on Monday jointly released a series of global images of Mars obtained during China’s first Mars exploration mission.
According to the CNSA, these images are based on 14,757 image data acquired by a remote-sensing camera on the Tianwen-1 orbiter over eight months from November 2021 to July 2022.
Starting from May 1 this year, the scientific data of Tianwen-1 will be open to the world.
Xinhua News Agency correspondents reporting from Hefei, China.
(XHTV)