Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သော ဒုတိယမြောက် အဝေးပြေးလမ်း စတင်ဆောက်လုပ်

ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကမ္ဘောဒီးယားနိုင်ငံ Svay Rieng ပြည်နယ် Bavet မြို့ကို မြို့တော် ဖနွမ်းပင်နှင့် ချိတ်ဆက်ထားသော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် ဒုတိယမြောက် အဝေးပြေးလမ်းကို ဇွန် ၇ ရက်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်နှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ လူဦးရေ ၅,၀၀၀ ခန့် တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၁၃၅.၁ ကီလိုမီတာရှိသော အဝေးပြေးလမ်း စီမံကိန်းသည် လေးနှစ်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“Phnom Penh-Bavet အဝေးပြေးလမ်းက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်အောက်မှာ ကမ္ဘောဒီးယားနဲ့ တရုတ်ကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ ဒီအဝေးပြေးလမ်းက ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး တိုးတက်ရေး မြှင့်တင်မှုအဖြစ် ပေးစွမ်းနိုင်ပါလိမ့်မယ်” ဟု ဟွန်ဆန်က ဆိုသည်။ (Xinhua)

…………………………
(English Version)
2nd China-invested expressway in Cambodia breaks ground
The second China-invested expressway in Cambodia broke ground on Wednesday. The expressway connects the country’s capital city Phnom Penh with Bavet City of Svay Rieng province on the border with Vietnam.
Cambodian Prime Minister Samdech Techo Hun Sen and Chinese Ambassador to Cambodia Wang Wentian presided over the ceremony, which was attended by some 5,000 people.
Invested by the China Road and Bridge Corporation, the 135.1 km expressway project is expected to be completed in four years.
“The Phnom Penh-Bavet Expressway is another fruit of cooperation between Cambodia and China under the Belt and Road Initiative,” he said. “This expressway will give a boost to the growth of investment, trade, tourism and cross-border transportation between Cambodia and Vietnam.”
Xinhua News Agency correspondents reporting from Kandal, Cambodia.(XHTV)