Connect with us

Media

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေဘေးသင့်နေရာများတွင် ရဟတ်ယာဉ်များဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး အရှိန်မြှင့်ကူညီပေး

ဟာအယ်ပင်း ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟိုင်လျင်မြို့၌ ရေဘေးသင့်နေရာများတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်မှုများအတွင်း ရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း Doksuri သက်ရောက်မှုကြောင့် ဟိုင်လျင်မြို့ရှိ ဟိုင်လန့်မြစ်တစ်လျှောက် ဓာတ်အားပေးတာဝါတိုင်များ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည်။ သာမန်ဝန်တင်စက်ယန္တရားများ မရောက်ရှိနိုင်သည့် နေရာများတွင် ရဟတ်ယာဉ်များ၏ အကူအညီဖြင့် တာဝါတိုင်များ ပင့်တင်ခြင်း နှင့် ရွှေ့ပြောင်းပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Helicopters help speed up power recovery in NE China’s flood-hit areas
Helicopters have been used in power recovery work in flood-hit areas in northeast China’s Hailin City.
Due to the impact of Typhoon Doksuri, power facilities along the Hailang River in Hailin City were seriously damaged. With the help of helicopters, equipment was lifted and transported to sites that were unreachable for ordinary lifting machinery.
Xinhua News Agency correspondents reporting from Harbin, China.(XHTV)