Connect with us

Media

နီပေါကျောင်းသား ၇၁ ဦး တရုတ်ပညာသင်ဆုများ ရရှိ

ခတ္တမန္ဒူ ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ)

၂၀၂၃/၂၀၂၄ ပညာသင်နှစ်တွင် တရုတ်တက္ကသိုလ်များ၌ လေ့လာသင်ကြားရေးအတွက် တရုတ်နိုင်ငံအစိုးရက ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုများအား နီပေါနိုင်ငံမှ ကျောင်းသား/သူ ၇၁ ဦးက ဩဂုတ် ၁၄ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။

နီပေါကျောင်းသား/သူများကို သိပ္ပံ နှင့် နည်းပညာတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုများအား လေ့လာရန် နီပေါနိုင်ငံ ပညာရေး ၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီး Ashok Rai က တိုက်တွန်းအားပေးခဲ့ပြီး ၎င်းတို့၏ အောင်မြင်မှုမှာ နိုင်ငံ၏ အောင်မြင်မှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Chen Song က မိန့်ခွန်းပြောကြားရာ၌ နီပေါကျောင်းသား/သူများကို တရုတ်-နီပေါ ချစ်ကြည်ရေး၏ သက်သေ ၊ အကျိုးခံစားသူ ၊ တည်ဆောက်သူ နှင့် ဆက်သွယ်ရေးသမားများအဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
71 Nepali students granted Chinese scholarships
A total of 71 Nepali students were awarded Chinese government scholarships on Monday for studies in Chinese universities in the 2023/2024 academic year.
Ashok Rai, Nepal’s minister for education, science and technology, encouraged Nepali students to learn from China’s progress in science and technology, saying, “Your success is linked to the success of our country.”
Addressing the awarding ceremony, the Chinese Ambassador to Nepal Chen Song referred to the Nepali students as “the witnesses, beneficiaries, builders and communicators” of the China-Nepal friendship.
Xinhua News Agency correspondents reporting from Kathmandu.(XHTV)