Connect with us

Media

တရုတ်-လာအို ရထားစီးခရီးသည်များအတွက် တရုတ်ရထားဝန်ထမ်းများက အရည်အသွေးပြည့်မီသောဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး လုပ်ဆောင်နေ

ကူမင်း ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် ဧပြီလတွင် နယ်စပ်ဖြတ်ကျော် ခရီးသွားဝန်ဆောင်မှုအား စတင်ခဲ့သည်။

လာအိုနိုင်ငံနှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ နယ်စပ်ရှိ မိုဟန်စစ်ဆေးရေးဂိတ်သည် ဩဂုတ် ၁၅ ရက်အထိ ရထားခရီးစဉ် ၂၄၆ ခုအား စီစဉ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံနှင့်ဒေသ ၅၃ ခုမှ ခရီးသည် ၅၂,၈၈၈ ဦးအား ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ ထွက်ခွာလာသည့် ရထားများသည် တောင်များ နှင့် ချိုင့်ဝှမ်းများအား ဖြတ်သန်းကာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ခုတ်မောင်းလာခဲ့သည်။ ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ထွက်ခွာသွားရောက်သည့် ခရီးစဉ်သည် အကောက်ခွန်ဖြတ်သန်းရသည့် အချိန်အပါအဝင် ၁၀ နာရီခွဲခန့် ကြာမြင့်ကြောင်း သိရသည်။

ကူမင်းမြို့၌ သတ္တမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲအား ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပနေသည့်အတွက်ကြောင့် နိုင်ငံခြားသားအများအပြားသည် ကူမင်းမြို့သို့ ရထားဖြင့် သွားရောက်ရန် ရွေးချယ်ကြကြောင်း သိရသည်။
ဒေသဆိုင်ရာရထားဝန်ထမ်းများက ဝင်ရောက်လာမည့်ခရီးသည်များအတွက် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများနှင့် အကောက်ခွန်ရှင်းလင်းရေး ချောမွေ့စေရေးအတွက် အစီအမံများ ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Chinese railway staff work to provide quality service for China-Laos Railway passengers
The China-Laos Railway started cross-border passenger services in April.
The Mohan checkpoint on China’s border with Laos tallied that as of Tuesday, 246 train trips had been provided by the railway, serving 52,888 passengers from 53 countries and regions.
Trains departing from Kunming, the capital of southwest China’s Yunnan Province, travel at a speed of up to 160 km per hour through mountains and valleys. The trip from Kunming to the Lao capital of Vientiane takes 10 and a half hours to complete, including the time spent on going through customs.
As the 7th China-South Asia Exposition is set to take place from Aug. 16 to 20 in Kunming, many foreigners choose to take the railway to travel to Kunming.
Local railway workers are taking measures to provide smooth customs clearance and quality service for inbound passengers.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)