Connect with us

Media

အင်ဒိုနီးရှားနိုင်ငံက လေထုညစ်ညမ်းမှုကြောင့် လျှပ်စစ်သုံးယာဉ်(EV) ကူးပြောင်းရေး တိုက်တွန်း

ဂျကာတာ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ မကြာသေးမီက လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အစိုးရက သန့်စင်စွမ်းအင်ကူးပြောင်းမှုအား အရှိန်မြှင့်တင်သည့်အနေဖြင့် ပြည်သူများအား လျှပ်စစ်သုံးယာဉ်(EV)များ ပြောင်းလဲ အသုံးပြုရန် တိုက်တွန်းခဲ့ကြောင်း ဝန်ကြီးတစ်ဦးက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးဟု အစိုးရက ပြောကြားခဲ့သည့် ဂျကာတာမြို့၌ မကြာသေးမီက ဖြစ်ပွားခဲ့သော လေထုညစ်ညမ်းမှုသည် အဓိကအားဖြင့် မော်တော်ယာဉ်များ ၊ စက်မှုကုန်ထုတ်လုပ်သူများ နှင့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်မှုကြောင့် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံပိုင်စီမံကိန်းများဆိုင်ရာ ဝန်ကြီး Erick Thohir က ပြောကြားခဲ့သည်။

“ဖြေရှင်းနည်းတွေထဲက တစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ ပိုပြီးသဟဇာတဖြစ်တဲ့ အခြားသော စွမ်းအင် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် အစိုးရအနေနဲ့ သမာရိုးကျ လောင်စာဆီသုံး မော်တော်ယာဉ်တွေကနေ လျှပ်စစ်သုံးမော်တော်ယာဉ်တွေ ကူးပြောင်းမှုကို တွန်းအားပေးနေတာ ဖြစ်ပါတယ်”ဟု ၎င်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Indonesia calls for transition to EV following air pollution
The Indonesian government called on its people to switch to electric vehicles (EV) to accelerate the transition to cleaner energy after severe air pollution hit Jakarta recently, a minister said on Tuesday.
Indonesian Minister of State-Owned Enterprises Erick Thohir said the recent air pollution in Jakarta, which the government said was the worst in the archipelagic country’s history, was mainly caused by emissions from vehicles, industrial manufacturers and power plants.
“One of the solutions is to use alternative energy that is more environmentally friendly. Therefore, the government is pushing the transition from conventional fuel vehicles to electric vehicles,” Thohir told a virtual seminar.
The air quality in Jakarta and its satellite cities has worsened over the past week. President Joko Widodo said Monday that as of Sunday, the air quality index in the capital was at 156, meaning very unhealthy. According to him, the biggest contributor to air pollution was the use of coal.
Thohir said that people must change their habits, and one step to take should be to use electric motorbikes and cars.
Xinhua News Agency correspondents reporting from Jakarta.(XHTV)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.