Connect with us

Media

တရုတ်နိုင်ငံက ရေဘေးအန္တရာယ်နှင့် မိုးခေါင်မှုဘေး ကာကွယ်ထိန်းချုပ်ရန် လိုအပ်ကြောင်း အလေးထားပြော

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်း မိုးရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အခြေအနေများကို ဆွေးနွေးရန် ဗီဒီယိုကွန်ဖရင့်တစ်ခု ဩဂုတ် ၁၄ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်ရုံးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံ မိုးလေဝသဦးစီးဌာန၊ ရေအရင်းအမြစ်ဝန်ကြီးဌာနနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာဝန်ကြီးဌာနတို့လည်း တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံရှိ ဒေသများစွာတွင် မကြာသေးမီက တောင်ကျရေများနှင့် ရွှံ့နွံပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဆုန်းဟွားမြစ်၏ အဓိကချောင်းများနှင့် ဟိုင်ဟဲမြစ်ဝှမ်းတို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေပြီး၊ ဟဲပေပြည်နယ်နှင့် ထျန်းကျင်းမြို့ရှိ ရေနုတ်မြောင်းများတွင်လည်း ရေကြီးရေလျှံမှုထိန်းချုပ်ရေး အရေးကြီးသောအချိန်ကာလ၌ ရှိနေကြောင်း၊ တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများလည်း ဆက်လက်ဖြစ်ပွားနေသလို ကန်းစုနှင့် ရှင်းကျန်း အပါအဝင် နိုင်ငံမြောက်ပိုင်း ဒေသများ၌ မိုးခေါင်မှုဖြစ်ပွားနေကြောင်း သိရသည်။
အာဏာပိုင်များအနေဖြင့် ရေဘေးအန္တရာယ်ထိန်းချုပ်ရေးနည်းလမ်း အမျိုးမျိုးကို ကောင်းမွန်စွာ အသုံးပြုရန်၊ ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုအားကောင်းလာစေရန်၊ မြစ်ကမ်းထိန်းရေကာတာစနစ်များအား စစ်ဆေးကာကွယ်မှုကို အားဖြည့်ဆောင်ရွက်ရန် အစည်းအဝေးက တိုက်တွန်းခဲ့သည်။ ထို့ပြင် ရာသီဥတုဆိုးဝါးမှုဒဏ်ခံစားနေရသော ပြည်သူများအားပြန်လည်နေရာချထားရေးလုပ်ငန်းကိုလည်း ကောင်းမွန်စွာ ဆောင်ရွက်ရန် အစည်းအဝေးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China stresses need to prevent, control floods, droughts
BEIJING, Aug. 14 (Xinhua) — Chinese authorities on Monday held a video conference to discuss the country’s rain, flooding, drought and disaster situations.
The meeting was co-organized by the office of the State Flood Control and Drought Relief Headquarters and the Ministry of Emergency Management, and was joined by the China Meteorological Administration, the Ministry of Water Resources and the Ministry of Natural Resources.
Severe mountain torrents and mudslides have occurred recently in multiple parts of China, according to the meeting.
Parts of the main stream of the Songhua River and the Haihe River Basin continue to run at relatively high water levels in their descending stages, and dikes in Hebei and Tianjin are in a critical period of flood control, it said.
Heavy rainstorms are lashing the south of the country, while drought is evolving in northern regions including Gansu and Xinjiang, the meeting said.
The meeting urged authorities to make good use of various flood control methods and rescue and relief forces to strengthen inspection and defense procedures for river embankments. It also urged authorities to ensure good work in the resettlement of people affected by the extreme weather.