Connect with us

Media

ဆီးရီးယားနိုင်ငံက လောင်စာဆီဈေးနှုန်းမြင့်တက်လာချိန်တွင် လစာနှစ်ဆတိုးမြှင့်ပေး

ဒမတ်စကတ်စ် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ သမ္မတအာဆတ်က လောင်စာဆီဈေးနှုန်း သိသိသာသာမြင့်တက်လာခဲ့သည့်အတွက် အစိုးရအနေဖြင့် လစာများ ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ဩဂုတ် ၁၅ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SANA ၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံဝန်ထမ်းများ ၊ အငြိမ်းစားများ နှင့် စစ်ဘက်ဆိုင်ရာအမှုထမ်းများအား လစာတိုးပေးခြင်းသည် ဆီးရီးယားနိုင်ငံ၌ စစ်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ၉ ကြိမ်မြောက် ဖြစ်သည်။ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးသည် စီးပွားရေးအကျပ်အတည်းများကြားတွင် ကျဆင်းလျက်ရှိသည်။ (Xinhua)

…………………………..
(English Version)
Syria doubles salaries amid fuel price hike
Syrian President Bashar al-Assad on Tuesday ordered a 100-percent salary raise as the government sharply raised fuel prices, according to the state news agency SANA.
The salary increase, covering state employees, retirees, and military personnel, is the ninth since 2011 when the Syrian war broke out. The country’s economy has since been mired in an economic crisis.
Xinhua News Agency correspondents reporting from Damascus.(XHTV)