Connect with us

Media

အမေရိကန်နိုင်ငံ ဟာဝိုင်ယီတောမီးကြောင့် သေဆုံးသူ ၁၀၆ ဦးအထိရှိလာ

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui တောမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဩဂုတ် ၁၅ ရက်အထိ ၁၀၆ ဦးရှိပြီဖြစ်ကြောင်း Maui ခရိုင်မှ နောက်ဆုံးရသေဆုံးမှုစာရင်းအရ သိရသည်။

ယင်းနေ့မတိုင်မီက သေဆုံးသူအရေအတွက်မှာ ၉၉ ဦးရှိရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၁၀၆ ဦးအနက် ၅ ဦးသာ မည်သူမည်ဝါဖြစ်သည်ဟု ခွဲခြားနိုင်ခဲ့ကြောင်း အဆိုပါ စာရင်းအရသိရသည်။
တောမီးလောင်မှု၏ ၃၂ ရာခိုင်နှုန်းခန့်၌ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း Maui ခရိုင်က ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့်အတွက် သေဆုံးသူအရေအတွက်မှာ မြင့်တက်နိုင်ကြောင်း ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူး Josh Green က ဩဂုတ် ၁၄ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Death toll from Hawaii wildfires up to 106
LOS ANGELES, Aug. 15 (Xinhua) — The death toll from the Maui wildfires in the U.S. state of Hawaii reached 106 as of Tuesday, according to a fatality update from the County of Maui.
The death toll was up from 99 a day before. According to the update, only five of the 106 victims had been identified.
According to the county, about 32 percent of the area has been searched so far.
Hawaii Governor Josh Green said on Monday that the death toll could rise significantly as search efforts continue.