Connect with us

Media

အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက် ၇၁ ဦးအထိ မြင့်တက်

နယူးဒေလီ ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် ပြီးခဲ့သော သုံးရက်အတွင်း သေဆုံးသူအရေအတွက်သည် ၇၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ပြည်နယ်အတွင်းရှိ ဘေးဒဏ်သင့်နေရာများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း နှင့် သေဆုံးသူအရေအတွက် နှင့် စုစုပေါင်းပျက်စီးမှု ပျမ်းမျှအခြေအနေသည် လာမည့်ရက်များအတွင်း မြင့်တက်နိုင်ကြောင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့၏ အတွင်းရေးမှူး Onkar Chand Sharma က တောင်ကုန်းထူထပ်သောပြည်နယ်ရှိ ဘေးအန္တရာယ်အခြေအနေအား မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Death toll in India’s rain-hit Himachal Pradesh rises to 71
The death toll over the past three days from rain-related incidents in India’s northern state of Himachal Pradesh has risen to 71, confirmed a senior disaster management official of the state on Wednesday.
Commenting on the disaster situation in the hilly state, Principal Secretary of the Himachal Pradesh State Disaster Management Authority Onkar Chand Sharma said that the relief and rescue work was going on in affected areas in the state and that death toll and estimate of the total damage could rise in the coming days.
Xinhua News Agency correspondents reporting from New Delhi.(XHTV)