Connect with us

Asia

ဗီယက်နမ်နိုင်ငံ လေကြောင်းလုပ်ငန်းက လူ့စွမ်းအားအရင်းအမြစ် ရှားပါးမှုနှင့် ရင်ဆိုင်နေရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဟနွိုင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ လေကြောင်းလုပ်ငန်းက နိုင်ငံတစ်ဝန်း ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခြင်းနှင့် လေဆိပ်များ တိုးချဲ့လာခြင်းများကြောင့် လူ့စွမ်းအားအရင်းအမြစ် အပြင်းအထန်ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းစာဖြစ်သော Vietnam News က ဩဂုတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။

လေကြောင်းကုမ္ပဏီများနှင့် အဓိက လေဆိပ်များဖြစ်သော Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဟိုချီမင်းစီးတီးရှိ ဆောက်လုပ်နေဆဲဖြစ်သော Long Thanh အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ် စသည်တို့၌ လေကြောင်းကျွမ်းကျင်ပညာရှင်များအတွက် သိသာသော လိုအပ်ချက်ရှိနေကြောင်း ဗီယက်နမ် လေကြောင်းအကယ်ဒမီ၏ လေကြောင်း သယ်ယူပို့ဆောင်မှုဆိုင်ရာ စီးပွားရေးဌာန အကြီးအကဲ Tran Thi Thai Binh ၏ ပြောကြားချက်အား ကိုးကား၍ သတင်းစာက ဖော်ပြထားသည်။
ဗီယက်နမ်လေကြောင်းလုပ်ငန်းသည် သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းနှင့် လေယာဉ်ပျံသန်းမှုနေရာ၌ ဝန်ထမ်း ၄၄,၀၀၀ ခန့်အပ်ထားကြောင်း၊ သို့ရာတွင် အဆိုပါ လုပ်ငန်း၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ဗီယက်နမ် လေကြောင်းအကယ်ဒမီ ဒုတိယညွှန်ကြားရေးမှူး Ha Nam Khanh Giao က ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပတက္ကသိုလ်များနှင့် လေ့ကျင့်ရေး အင်စတီကျုများတွင် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ စေလွှတ်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် လေဆိပ်တိုးချဲ့မှုများနှင့် ခရီးသည်အရေအတွက်မှာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် လေကြောင်းခရီးသည် ၃၃.၈ သန်းကျော် သယ်ယူပို့ဆာင်နိုင်ခဲ့ရာ ယမန်နှစ်ကာလတူထက် ၂၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံးအရ သိရသည်။
ဗီယက်နမ်နိုင်ငံသည် အလားတူကာလတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၆.၆ သန်းကျော် ရှိခဲ့ပြီး လေကြောင်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်မှုမှာစုစုပေါင်း၏ ၈၇.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း ထိုရုံး၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Vietnam’s aviation industry faces human resource shortage
HANOI, Aug. 18 (Xinhua) — Vietnam’s aviation industry faces a severe human resource shortage due to the recovery of the tourism sector and the expansion of airports across the country, local newspaper Vietnam News reported on Thursday.
There is significant demand for aviation professionals in airline companies and major airports such as Tan Son Nhat International Airport and the under-construction Long Thanh International Airport in Ho Chi Minh City, and Noi Bai International Airport in Hanoi, the newspaper cited Tran Thi Thai Binh, head of the Vietnam Aviation Academy’s Air Transport Economics Department.
Vietnam’s aviation industry employs around 44,000 individuals in transportation, port and flight operations. But the workforce fails to meet the industry’s growing demands, she said.
Ha Nam Khanh Giao, deputy director of the academy, suggested that Vietnam collaborate with foreign universities and training institutes to send students abroad for education.
In addition to airport expansions, passenger numbers in Vietnam are gradually recovering. In the first seven months of this year, Vietnam transported more than 33.8 million air passengers, up 22.2 percent year on year, according to the General Statistics Office.
The country welcomed more than 6.6 million international arrivals in the same period, of which arrivals to Vietnam by air accounted for 87.6 percent of the total, according to the office.
Photo: Travelers are seen at Noi Bai International Airport in Hanoi, Vietnam, on March 15, 2022. (VNA via Xinhua)