Connect with us

China

၂၀၂၃ ခုနှစ် CIFTIS တွင် မီဒီယာများမှတ်ပုံတင်ရန် ဖွင့်လှစ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) အတွင်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) ကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလအစောပိုင်း၌ ကျင်းပမည်ဖြစ်သည်။
မီဒီယာများမှတ်ပုံတင်ခြင်းစနစ်ကို ဩဂုတ် ၁ ရက်မှ ၁၅ ရက်အတွင်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

သတင်းထောက်များအနေဖြင့် CIFTIS ၏ တရားဝင်ဝက်ဘ်ဆိုက် www.ciftis.org သို့ ဝင်ရောက်ပြီး “Join the Fair” ကို နှိပ်ကာ “Media Registration” အား ရွေးချယ်၍ အွန်လိုင်းမှ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။

မီဒီယာဝင်ရောက်ရမည့်အချိန်နှင့် ဆောင်ရွက်ရမည့်အကြောင်းအရာကို CIFTIS တရားဝင် ဝက်ဘ်ဆိုက်၏ “News section” တွင် သတ်မှတ်အချိန်၌ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
2023 CIFTIS opens for media registration

BEIJING, Aug. 1 (Xinhua) — The 2023 China International Fair for Trade in Services (CIFTIS) will be held in Beijing in early September. The media registration system will be open from Aug. 1 to 15, according to an official notice.
Journalists can register online at the official website of the CIFTIS (www.ciftis.org), click “Join the Fair,” and then select “Media Registration.”
The information on when and how to pick up the Media Pass will be released on the “News section” of the official website of the CIFTIS in due time.
Photo: People visit the Achievement Exhibition of China’s Trade in Services during the 2022 China International Fair for Trade in Services (CIFTIS) in Beijing, capital of China, on Sept. 1, 2022. (Xinhua/Li Xin)