Connect with us

Media

တူရကီနိုင်ငံ၌ မြေငလျင်များ လှုပ်ခတ်ပြီးနောက် ၆ လကြာအထိ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ နေထိုင်နေရဆဲဖြစ်

အန်ကာရာ ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတောင်ပိုင်းတွင် ဆိုးရွားသည့် မြေငလျင် လှုပ်ခတ်ပျက်စီးမှုများ ဖြစ်ပေါ်ပြီးနောက် ၆ လနီးပါးအထိ ငလျင်ဒဏ်သင့်ပြည်သူ ထောင်ပေါင်းများစွာသည် အိုးအိမ်စွန့်ခွာနေထိုင်နေရဆဲ ဖြစ်ပြီး သမ္မတအာဒိုဂန်က ပြန်လည်တည်ဆောက်ရေးအား အလျှင်အမြန်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

အင်အားပြင်းငလျင်ကြောင့် လူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
အဆောက်အအုံ ၂၂၇,၀၀၀ ကျော်အား ပျက်စီးခြင်း ၊ အပြင်းအထန်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ငလျင်ဘေးအန္တရာယ်ကြောင့် လူပေါင်း ၃ သန်းသည် အိုးအိမ်စွန့်ခွာထွက်ပေးခဲ့ရပြီး ငလျင်ဇုန်မှ ၆၀၀ ကီလိုမီတာအကွာအဝေးရှိ မြို့တော် အန်ကာရာ အပါအဝင် အလယ်ပိုင်း-အနောက်ပိုင်းဒေသရှိ ဘေးကင်းရာမြို့များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)
……………………………………
(English Version)
Six months on, thousands remain displaced after Türkiye’s earthquakes
Nearly six months after deadly earthquakes devastated southern Türkiye, thousands of survivors are still displaced, while President Recep Tayyip Erdogan has promised a rapid reconstruction.
The powerful tremors have claimed more than 50,000 lives and rendered over a million homeless.
More than 227,000 buildings were destroyed or severely damaged, according to government figures.
Additionally, 3 million people have been forced to flee their homes due to the disaster, moving to safer cities in the center-west region, including the capital Ankara, which is 600 km away from the disaster zone.
Xinhua News Agency correspondents reporting from Ankara.(XHTV)