Connect with us

Media

တရုတ်နိုင်ငံ ရထားလုပ်ငန်းက ဇူလိုင်လအတွင်း ခရီးသည်ခရီးစဉ် ၄၀၆ သန်း ရှိခဲ့ကြောင်းထုတ်ပြန်

ပေကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလုပ်ငန်းက ဇူလိုင် ၁ ရက်မှ ၃၁ ရက်အတွင်း ခရီးသည်ခရီးစဉ် ၄၀၆ သန်းအထိ ရောက်ရှိခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်မှ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း နေ့စဉ်ခရီးသည်ခရီးစဉ်များမှာ ပျမ်းမျှ ၁၃.၁ သန်း ရှိခဲ့ပြီး ရထားအစီးရေ ၁၀,၁၆၉ စီး ပြေးဆွဲလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကုမ္ပဏီ ထုတ်ပြန်ချက်အရ သိရသည်။

နွေရာသီကာလ ခရီးသွားများပြားချိန်အတွင်း ခရီးသည်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ရုံးချုပ်အသီးသီးက အချက်အလက်များပေါ်အခြေခံ၍ ရထားပြေးဆွဲမှုအစီအစဉ်များကို ချိန်ညှိဆောင်ရွက်လျက်ရှိကြောင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်နှင့် ချန်ရှား စသည့်မြို့ကြီးများရှိ ဘူတာရုံများတွင်လည်း ခရီးသည်များဝင်ရောက်မှုလုပ်ငန်းစဉ် မြန်ဆန်စေရန်နှင့် ထိရောက်မှုမြှင့်တင်ရန် လုံခြုံရေးစစ်ဆေးမှုကဲ့သို့ ရာထူးများ၌ ဝန်ထမ်းတိုးမြှင့်ခန့်ထားခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

နွေရာသီကာလ ခရီးသွားများပြားချိန်သည် တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းစနစ်အတွက် အလုပ်ရှုပ်သောရာသီတစ်ခု ဖြစ်ပြီး ကောလိပ်ကျောင်းသား/ကျောင်းသူများက နွေရာသီအားလပ်ရက်အတွင်း နေရပ်ပြန်ကြသလို မိသားစုလိုက်ခရီးထွက်မှုနှင့် ခရီးသွားဧည့်သည်သွားလာမှုများကလည်း မြင့်တက်လျက်ရှိသည်။ ယခုနှစ်၏ နွေရာသီ ခရီးသွားများပြားမှုချိန်သည် ၆၂ ရက် ကြာမြင့်ကာ ဩဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ (Xinhua)

………………………….
(English Version)
Chinese railways report 406 mln passenger trips in July
BEIJING, Aug. 1 (Xinhua) — The nation’s railways recorded 406 million passenger trips from July 1 to 31, according to data revealed on Tuesday by China State Railway Group Co., Ltd., the country’s railway operator.
During this period, daily passenger trips averaged 13.1 million, while 10,169 trains were operating daily, up 14.2 percent compared to the same period in 2019, according to the company.
In order to better serve passengers during the summer travel rush, the company said that its various bureaus have optimized operation plans based on big data, while train stations in the nation’s big cities, such as Guangzhou, Shenzhen, and Changsha have increased staff in posts like security checking to expedite passengers’ entry process and improve efficiency.
The summer travel rush is usually a busy season for the country’s railway system as college students return home for summer vacation, while family visits and tourist travels also rise during this season. This year’s summer travel rush will last for 62 days and end on Aug. 31.