Connect with us

Media

တရုတ်လေယာဉ်ထုတ်လုပ်သူက C919 ဂျက်လေယာဉ်အော်ဒါမှာယူမှု အစင်းရေ ၁,၀၀၀ ကျော် လက်ခံရရှိ

ရှန်ဟိုင်း ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် C919 ဂျက်လေယာဉ် အော်ဒါမှာယူမှု အရေအတွက်မှာ အစင်းရေ ၁,၀၆၁ စင်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ် စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကဏ္ဍသည် ကနဦးက ဒေသတွင်း၊ ခရီးတို၊ ခရီးလတ်ပျံသန်းသော ကိုယ်ထည်ကျဉ်းလေယာဉ်များမှ ခရီးဝေးပျံသန်းသော ကိုယ်ထည်ကျယ်လေယာဉ်များအထိ ထုတ်လုပ်ခဲ့ကြောင်း C919 နှင့် ARJ21 လေယာဉ်များထုတ်လုပ်သူ၏ အဆိုအရ သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဝယ်ယူသူများအတွက် အရောင်းဖွင့်ခဲ့သော C919 လေယာဉ်ကို ၂၀၂၃ ခုနှစ် မေလတွင် စီးပွားဖြစ်လည်ပတ်ပြေးဆွဲရန် China Eastern Airlines ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုလေကြောင်းလိုင်း၏ ပြေးဆွဲမှုဖြင့် ထိုလေယာဉ်နှစ်စင်းမှာ ရှန်ဟိုင်းမြို့နှင့် ချိန်တူးမြို့ကြား လမ်းကြောင်း၌ လည်ပတ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Chinese aircraft maker receives over 1,000 C919 jet orders
The order quantity for China’s homegrown C919 jet has reached 1,061, according to Commercial Aircraft Corporation of China, Ltd.
According to the aircraft maker, which developed the C919 and ARJ21 jetliners, China’s domestically-produced passenger aircraft sector has initially formed a product lineup ranging from regional aircraft, short- to medium-haul narrow-body aircraft, to long-haul wide-body aircraft.

In December 2022, China Eastern Airlines, the inaugural customer of C919, received deliveries, with commercial operations beginning in May 2023.
Two C919 aircraft are actively serving on the air route between Shanghai and Chengdu operated by the airlines.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)