Connect with us

Media

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့၌ ကျင်းပသည့် နိုင်ငံတကာ ဆပ်ကပ်ပွဲတော် ပြီးဆုံး

စိန့်ပီတာဘာ့ခ် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာဘာ့ခ်၌ ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာဆပ်ကပ်ပွဲတော် “Without Borders” သည် စက်တင်ဘာ ၁၇ ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

လေးရက်ကြာကျင်းပသည့်ပွဲတော်အတွင်း ရုရှား ၊ တရုတ် ၊ မက္ကဆီကို ၊ အီတလီ နှင့် အီသီယိုးပီးယား အပါအဝင် နိုင်ငံနှင့်ဒေသ ၁၀ ခုကျော်မှ ကျွမ်းကျင်ပြောင်မြောက်သူ ၂၀၀ ခန့် က အံ့ဖွယ် ထူးခြားဆန်းကြယ်သော ကျွမ်းဘားအလှကစားခြင်းများ ၊ မျက်လှည့် ၊ diabolo ပြပွဲ နှင့် အခြားဆပ်ကပ်ဖျော်ဖြေတင်ဆက်မှုများ ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Int’l circus festival concludes in Russia’s St. Petersburg
The second International Circus Festival “Without Borders” ended Sunday in Russia’s second-largest city St. Petersburg.
During the four-day festival, about 200 artists from more than ten countries and regions, including Russia, China, Mexico, Italy and Ethiopia gave fabulous acrobatics, magic, diabolo show and other circus performances.
Xinhua News Agency correspondents reporting from St. Petersburg, Russia. (XHTV)