Connect with us

Media

တရုတ်နိုင်ငံ မြောင်တိုင်းရင်းသားလူမျိုးတို့၏ ချည်ပန်းထိုးလက်ရာများ မီလန်ဖက်ရှင်ရက်သတ္တပတ်တွင် ပွဲဦးထွက်ပြသ

မီလန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ၏ ဖက်ရှင်မြို့တော် မီလန်၌ တရုတ်နိုင်ငံ မြောင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဝတ်စုံများ အသားပေးထားသည့် ပြပွဲတစ်ခုနှင့် မြောင်တိုင်းရင်းသားလူမျိုးတို့၏ ချည်ပန်းထိုးလက်ရာ အဝတ်အထည်များအား မော်ဒယ်များ ဝတ်ဆင်ပြသပွဲအား စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲအား မီလန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် နှင့် ကွေ့ကျိုးပြည်နယ်အစိုးရအဖွဲ့တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
China’s Miao embroidery makes Milan Fashion Week debut
An exhibition featuring traditional costumes of China’s Miao ethnic group and a show with models wearing Miao embroidery boutique clothing kicked off on Sunday in Milan, the fashion capital of Italy.
The event was co-sponsored by the Chinese Consulate General in Milan and Guizhou provincial government.
Xinhua News Agency correspondents reporting from Milan, Italy.(XHTV)