Connect with us

Media

တရုတ်နိုင်ငံထုတ် အစိမ်းရောင် “ro-ro” သင်္ဘောက ကားအစီးရေ ၅,၀၀၀ နှင့်အတူ ဥရောပသို့ ပွဲဦးထွက်ခရီးစဉ် စတင်

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် လောင်စာ နှစ်မျိုးအသုံးပြုထားပြီး ကားအတက်အဆင်းပြုလုပ်နိုင်သော “ro-ro” (roll-on/roll-off) ကုန်တင်သင်္ဘောသည် တရုတ်နိုင်ငံထုတ် ကုန်အမှတ်တံဆိပ် မော်တော်ကား အစီးရေ ၅,၀၀၀ နှင့် ဆောက်လုပ်ရေးစက်ယန္တရားအချို့ တင်ဆောင်လျက် ဥရောပသို့ ပွဲဦးထွက်ခရီးစတင်ရန် ဇန်နဝါရီ ၁၇ ရက်က ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့သည်။

အဆိုပါ သင်္ဘောသည် အလျား ၂၀၀ မီတာ၊ အကျယ် ၃၈ မီတာရှိပြီး ကားအစီးရေ ၇,၆၀၀ တင်ဆောင်နိုင်စွမ်းရှိကာ ကုန်တင်စွမ်းဆောင်ရည်အရ အကြီးဆုံး သန့်စင်စွမ်းအင်သုံး “ro-ro” သင်္ဘောလည်း ဖြစ်ပြီး တရုတ်နိုင်ငံမှ သင်္ဘောတည်ဆောက်သူများက ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ စွမ်းအင်သစ်အသုံးပြု မော်တော်ကားများအား ပြည်ပသို့တင်ပို့မှု မြင့်တက်လာသည်နှင့်အမျှ ၎င်းသင်္ဘောအား စွမ်းအင်သစ်အသုံးပြုမော်တော်ကားများ၊ ဟိုက်ဒရိုဂျင်လောင်စာသုံးယာဉ်များ၊ သဘာဝဓာတ်ငွေ့ယာဉ်များ တင်ပို့ရာတွင် ဘေးကင်းစိတ်ချမှုလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ကြောင်း SAIC Anji Logistics ကုမ္ပဏီလီမိတက်၊ အထွေထွေမန်နေဂျာ Jin Qi က ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(English Version)
China-made green “ro-ro” ship starts maiden Europe trip with 5,000 cars
A liquefied natural gas (LNG) dual-fuel “ro-ro” (roll-on/roll-off) cargo vessel departed Shanghai on its maiden voyage to Europe on Wednesday, transporting about 5,000 cars of indigenous Chinese brands and some construction machinery.
The vessel, measuring 200 meters in length and 38 meters in width, with a capacity of carrying 7,600 cars, is the largest serving clean-energy “ro-ro” ship in terms of loading capacity that has been invested and built by Chinese ship builders.
In light of the robust demand for shipping Chinese new-energy cars abroad, the vessel was designed to meet the safety needs of shipping new-energy cars and, potentially, hydrogen-fueled vehicles and natural gas vehicles, Jin said.