Connect with us

Media

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံး

တိုကျို၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် အနီးဝန်းကျင်တွင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် အီရှီကာဝါစီရင်စု၌ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အဆောက်အအုံ အမြောက်အမြား ပြိုကျခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံသတင်းအေဂျင်စီ Kyodo က ဇန်နဝါရီ ၂ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဝါဂျီမာမြို့ အာဏာပိုင်၏ ပြောကြားချက်အရ ယင်းနယ်မြေမှ ဆယ်ကျော်သက် အမျိုးသားတစ်ဦးအပါအဝင် သေဆုံးသူများရှိကြောင်း သိရသည်။

ထို့ပြင် နာမည်ကျော် ခရီးသွားဧည့်သည်လာရောက်သည့်နေရာ ဝါဂျီမာနံနက်ခင်းဈေးအနီးဝန်းကျင်တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အဆောက်အဦ ၂၀၀ ခန့် မီးလောင်သွားခဲ့သလို အဆောက်အအုံ ပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့ရာ လူ ၁၄ ဦး ပိမိလျက်ရှိကြောင်း သိရသည်။

အခြားမြို့များတွင်လည်း ပျက်စီးမှုသတင်းများ၊ လူများပိတ်မိနေသည့်အကြောင်းများ သတင်းရရှိထားသလို နီအိဂါတာ၊ တိုယာမာ၊ ဖူကူအီနှင့် ဂီဖူ စီရင်စုများ၌လည်း အဆောက်အအုံ ပြိုကျ၊ ပျက်စီးမှုများကြောင့် ဒဏ်ရာရရှိမှု သတင်းများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဒဏ်ခံရသူများကို ကယ်ဆယ်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ငလျင်ဒဏ်ခံရသောနေရာများသို့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်စေလွှတ်ထားပြီးဖြစ်ကြောင်းနှင့် ကူညီမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါက ပြောခဲ့သည်။

ဇန်နဝါရီ ၁ ရက်က အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ပေါ်တွင် အနက်တိမ်သောနေရာ၌ အင်အား ၇.၆ အဆင့်ရှိသော ငလျင်အပါအဝင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကို ၂၀၂၄ ခုနှစ် နိုတိုကျွန်းဆွယ်ငလျင်ဟု ဂျပန်မိုးလေဝသအေဂျင်စီက တရားဝင်အမည်ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှစ၍ ငလျင် ၁၅၅ ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
At least 24 killed in powerful Japan quakes
TOKYO, Jan. 2 (Xinhua) — A series of building collapses and fires left at least 24 people dead in Ishikawa prefecture after a series of strong earthquakes hit the area in central Japan and the vicinity, the national news agency Kyodo reported on Tuesday, citing local authorities.
According to Wajima city authority, the deceased including a male teenager from the local area.
A large-scale fire broke out around the famous tourist spot Wajima morning market, engulfing approximately 200 buildings. The city also experienced building collapses, with 14 cases of people being buried.
As more damage reports and information about people trapped continued to come in regarding other municipalities, injuries were reported in Niigata, Toyama, Fukui, and Gifu prefectures due to collapsed or damaged buildings.
Calling the rescue of those impacted by the earthquakes a battle against time, Japanese Prime Minister Fumio Kishida said that the government has already dispatched a number of self-defense force troops to the impacted areas and will continue to provide assistance.
A series of strong earthquakes, with major ones of up to a preliminary 7.6 magnitude, hit on Monday at a shallow depth on the Noto Peninsula in Ishikawa prefecture. The Japan Meteorological Agency has officially named it the 2024 Noto Peninsula Earthquake.
Since Monday, Japan has been hit by at least 155 quakes.