Connect with us

Media

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၄၈ ဦးအထိ မြင့်တက်လာ

တိုကျို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် အနီးဝန်းကျင်တွင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် အီရှီကာဝါစီရင်စု၌ သေဆုံးသူအရေအတွက်မှာ ၄၈ ဦးအထိမြင့်တက်လာခဲ့ကြောင်း နိုင်ငံပိုင်အသံလွှင့်ဌာန NHK က ဇန်နဝါရီ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့ပြင် အီရှီကာဝါ၊ နီအီဂါတာ၊ ဖူကူအီ၊ တိုယာမာနှင့် ဂီဖူ စသည့် စီရင်စုများတွင်လည်း ဒဏ်ရာရသူများရှိကြောင်း သတင်း၌ ဖော်ပြထားသည်။

ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများမှာ လမ်းများပေါ်ရှိ အတားအဆီးများကြောင့် နှောင့်နှေးလျက်ရှိကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ခီရှီဒါ ဖူမီအိုက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အဲဒါတွေက စက်ယန္တရားအကြီးတွေ ပို့ဖို့ အခက်အခဲဖြစ်စေတယ်။ လမ်းကြောင်းတွေ ဘေးကင်းဖို့ နည်းလမ်းတွေကို စဉ်းစားနေသလို သင်္ဘောတွေ အသုံးပြုဖို့ကလည်း ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ဝန်ကြီးချုပ်၏ ပြောကြားချက်အား ကိုးကား၍ NHK က သတင်းဖော်ပြထားသည်။

ဇန်နဝါရီ ၁ ရက်က အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ပေါ်တွင် အနက်တိမ်သောနေရာ၌ အင်အား ၇.၆ အဆင့်ရှိသော ငလျင်အပါအဝင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျ
င်ကို ၂၀၂၄ ခုနှစ် နိုတိုကျွန်းဆွယ်ငလျင်ဟု ဂျပန်မိုးလေဝသအေဂျင်စီက တရားဝင်အမည်ပေးခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်ပင်လယ်တစ်လျှောက် ဆူနာမီအကြံပြုချက်များအားလုံးကို ဂျပန် မိုးလေဝသအေဂျင်စီက ရုပ်သိမ်းခဲ့ကြောင်း၊ သို့ရာတွင် လာမည့်သီတင်းပတ် အထူးသဖြင့် လာမည့် နှစ်ရက်မှ သုံးရက်အတွင်း အားကောင်းသော နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက သတိပေးထားသည်။
ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှစ၍ ငလျင် ၁၅၅ ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
TOKYO, Jan. 2 (Xinhua) — The death toll has risen to 48 in the central Japanese prefecture of Ishikawa as of 3:30 p.m. local time after a series of powerful earthquakes hit the area in central Japan and the vicinity, national broadcaster NHK reported on Tuesday.
Injuries are reported in the prefectures of Ishikawa, Niigata, Fukui, Toyama, and Gifu, it added.
Japanese Prime Minister Kishida Fumio told a press briefing on Tuesday that relief efforts are being hampered by obstructions on the roads.
“This is also making it difficult to send heavy machinery. We’re thinking about ways to secure routes and using ships could be one option,” the prime minister was quoted by NHK as saying.
A series of strong earthquakes, with major ones of up to a preliminary 7.6 magnitude, hit on Monday at a shallow depth on the Noto Peninsula in Ishikawa prefecture. The Japan Meteorological Agency has officially named it the 2024 Noto Peninsula Earthquake.
Japan’s Meteorological Agency has lifted all tsunami advisories along the Sea of Japan following the quake, but weather officials warned that strong aftershocks may occur in the next week, especially over the next two to three days.
Since Monday, Japan has been hit by at least 155 quakes.