Connect with us

Media

ဂါဇာဒေသ မြောက်ပိုင်းမှ အစ္စရေးစစ်တပ် ရုပ်သိမ်း

ဂါဇာ၊ ‌ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် မြေပြင်စစ်ဆင်ရေးစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ နယ်မြေများမှ တပ်ဖွဲ့ရုပ်သိမ်းခဲ့ကြောင်း မျက်မြင်သက်သေများက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

ထိုသို့ရုပ်သိမ်းခြင်းမှာ အစ္စရေးတပ်ဖွဲ့များ အပြီးသတ်ရုပ်သိမ်းခြင်းလော သို့မဟုတ် နေရာရွှေ့ပြောင်းရုံမျှသာ ရုပ်သိမ်းခြင်းလော ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အစ္စရေးစစ်တပ်မှ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားထားခြင်းလည်း မရှိကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်ကြား အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေး အကျဉ်းသားများ လွှတ်ပေးရေး ဖြစ်လာနိုင်ဖွယ်ရှိသော ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှု အရိပ်လက္ခဏာဆောင်သော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုလို အစ္စရေးစစ်တပ်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ အစ္စရေး၊ ကာတာနှင့် အီဂျစ် စသည့်နိုင်ငံများမှ အကြီးတန်း ထောက်လှမ်းရေးနှင့် အစိုးရတာဝန်ရှိသူများက ပဲရစ်မြို့တွင် ဇန်နဝါရီ ၂၈ ရက်၌ တွေ့ဆုံခဲ့ကာ ဂါဇာဒေသအတွင်း ဟားမက်စ်-အစ္စရေး ပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Israeli army withdraws from northern Gaza
The Israeli army has withdrawn from wide areas in the northern Gaza Strip for the first time since the start of the ground operation, eyewitnesses said on Thursday.
It is not clear whether the withdrawal is permanent or just a repositioning of Israeli forces, as there has been no comment from the Israeli army about the move.
The withdrawal came following reports indicating progress in negotiations between Israel and Hamas, which may lead to a ceasefire and the release of Israeli prisoners.
On Sunday, senior intelligence and government officials from the U.S., Israel, Qatar and Egypt held a meeting in Paris, discussing a deal to end the Hamas-Israel conflict in Gaza.