Connect with us

Media

ဥရောပသမဂ္ဂက အီဂျစ်နိုင်ငံအား ငွေကြေးအကူအညီ ယူရိုငွေ ၇.၄ ဘီလီယံ ပေးအပ်

ကိုင်ရို၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အီဂျစ်စီးပွားရေးအား မြှင့်တင်သည့်အနေဖြင့် ဥရောပသမဂ္ဂ(EU) က ငွေကြေးအကူအညီ ယူရိုငွေ ၇.၄ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၈.၀၆ ဘီလီယံ) ပေးအပ်ရန် မတ် ၁၇ ရက်က သဘောတူခဲ့ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီက ပြောကြားခဲ့သည်။
အီဂျစ်နှင့်ဥရောပသမဂ္ဂတို့က နှစ်ဘက်ဆက်ဆံရေးအား မဟာဗျူဟာမြောက်ဘက်စုံမိတ်ဖက်အဆင့်သို့ မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း စတင်ရန် နိုင်ငံရေးပူးတွဲကြေညာချက်အား လက်မှတ် ရေးထိုးခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် အခြား အဆင့်မြင့်အရာရှိများနှင့် ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတစီစီက ကြေညာခဲ့သည်။ (Xinhua)
……………………………
(English Version)
EU provides Egypt with 7.4-bln-euro financial package: president
The European Union (EU) agreed on Sunday to provide a financial package of approximately 7.4 billion euros (8.06 billion U.S. dollars) to bolster the Egyptian economy, Egyptian President Abdel-Fattah al-Sisi said.
Sisi made the remarks during a press conference jointly held with visiting European Commission President Ursula von der Leyen and other senior officials from the bloc, during which he announced that Egypt and the EU signed a joint political declaration to “embark on a collaborative path” toward upgrading their bilateral relations to the “strategic and comprehensive partnership level.”
Xinhua News Agency correspondents reporting from Cairo.(XHTV)