Connect with us

Media

အိန္ဒိယရှိ ပြည်နယ်တစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်တွင် ကြက်၊ ငှက်အကောင်ရေ ၁,၀၀၀ နီးပါး သုတ်သင်ရှင်းလင်း

နယူးဒေလီ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Jharkhand ပြည်နယ်၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တွေ့ရှိပြီးနောက် တာဝန်ရှိသူများက ကြက်၊ ငှက်များအား သုတ်သင်ရှင်းလင်းမှု စတင်ခဲ့သည်။ Jharkhand ပြည်နယ် မြို့တော် Ranchi ရှိ နိုင်ငံပိုင် ကြက်၊ ဘဲမွေးမြူရေးခြံတစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ ပြီးနောက် ဒေသန္တရအစိုးရတာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Nearly 1,000 poultry birds culled in Indian state amid outbreak of bird flu
Authorities in the eastern Indian state of Jharkhand Wednesday started culling poultry birds following the outbreak of bird flu, officials said. The local government officials have sounded an alert after bird flu cases were detected at a state-run poultry farm in Ranchi, the capital city of Jharkhand.
Xinhua News Agency correspondents reporting from New Delhi. (XHTV)