Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ၉ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်း ပြည်သူ့ခန်းမဆောင်တွင် ဝန်ကြီးချုပ် လီချန်အား ၂၀၂၃ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် မေ ၂၆ ရက်မှ ၂၇ ရက်အထိ ဆိုးလ်မြို့တွင် ကျင်းပမည့် ၉ ကြိမ်မြောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မေ ၂၃ ရက်က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီသည် ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များနှင့်အတူ သုံးနိုင်ငံထိပ်သီးအစည်းအဝေး၊ တရုတ်-ဂျပန်-တောင်ကိုရီးယား စီးပွားရေးဆိုင်ရာထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ကာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း ဝမ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TLn

……………………………………..
(English Version)
Chinese premier to attend 9th China-Japan-ROK Trilateral Summit Meeting
BEIJING, May 23 (Xinhua) — Chinese Premier Li Qiang will attend the ninth Trilateral Summit Meeting among China, Japan and the Republic of Korea (ROK) in Seoul from May 26 to 27, foreign ministry spokesperson Wang Wenbin announced on Thursday. Premier Li, together with the leaders of Japan and the ROK, will attend key events including the trilateral summit meeting and the China-Japan-ROK business summit where they will exchange views on trilateral cooperation, Wang told a daily news briefing.
Photo: Chinese Premier Li Qiang meets the press after the closing of the first session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 13, 2023. (Xinhua/Chen Jianli)