Videos
ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ်က နယူထရွန်ကြယ်ပေါင်း ၁၁ ခု ရှာဖွေတွေ့ရှိ
ကွေ့ကျိုး၊ မတ် ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးတွင်တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ် FAST မှ တစ်ဆင့် တရုတ်သိပ္ပံပညာရှင်များက နယူထရွန်ကြယ်ပေါင်း ၁၁ ခု ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ FAST ဖြင့် ကြယ်ပေါင်း ၅၁ လုံးကိုရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းထဲတွင် နယူထရွန်ကြယ်ပေါင်း ၁၁ ခုမှာ အသစ်ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်း အမျိုးသားအာကာသလေ့လာစောင့်ကြည့်ရေးဋ္ဌာနမှ တာဝန်ရှိသူက ဆိုသည်။ သိပ္ပံပညာရှင်များက နယူထရွန်ကြယ်များကို အာကာသယာဉ်များ၏ တည်နေရာပြောင်းလဲရာတွင် လမ်းညွှန်ပေးရန်အသုံးဝင်ကြောင်းဆိုသည်။FAST ကို ဝေးလံသီခေါင်သည့် တောင်တန်းဒေသတွင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင်စမ်းသပ်အသုံးပြုခဲ့ပြီး ဘောလုံးကွင်း ၃ဝ စာ ကြီးမားကျယ်ပြန့်သည်။ သိပ္ပံပညာရှင်များက အဆိုပါ FAST က တစ်ဆင့် စြင်္ကာဝဠာကြီးရဲ့ ဝိသေသကို လေ့လာဖော်ထုတ်နိုင်ရန်မျှော်လင့်လျက်ရှိသည်။(Xinhua)