Connect with us

Videos

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၁၈ အကြို ဈေးကွက် မြှင့်တင်ရေး မိတ်ဆက်

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၁၈ အကြို ဈေးကွက် မြှင့်တင်ရေး မိတ်ဆက် ရှင်းလင်း သည့် Promotion Conference အခမ်းအနားအား ယနေ့မတ် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(CAEXPO)များကို တရုတ်နိုင်ငံ၌ သာမက အာဆီယံ နိုင်ငံများတွင် ၂၀၁၅ ခုနှစ် မှ စတင်၍ လှည့်လည် ပြသ ဆောင်ရွက်နိုင်ခဲ့ရာ ယခု အခါ China-ASEAN Expo Myanmar Exhibition 2018 ကုန်စည် ပြပွဲအား မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မေလ ၁၇ ရက်မှ ၁၉ ရက် အထိ ပြခန်းပေါင်း ၁၅၀ ခန့်ဖြင့် တရုတ်နိုင်ငံထုတ် လူသုံးကုန် ၊ စားသောက်ကုန် ၊ စက်ပစ္စည်း အမျိုးမျိုး ပါဝင် ပြသနိုင်ရေး စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(CAEXPO)တွင် စီးပွားရေး ဆိုင်ရာ အဆက်အသွယ်များ ၊ ပုံမှန် ဖောက်သည် များ ရရှိရေး အတွက် ကြိုးစား လျက်ရှိကြောင်း ၊ ကျောက်မျက် အပြင် အခြားသော မြန်မာ့ ထွက်ကုန် ပစ္စည်းများ ၊ ကုမ္ပဏီများ ပိုမို ပါဝင် လာအောင် စည်းရုံး ဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံး စီးပွားရေး ဌာနမှ လက်ထောက် အတွင်းရေးမှူး Mr.Peng Shaofeng က အမှာ စကား ပြောကြားရာတွင် ယခု တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တရုတ် နှင့် အာဆီယံ နိုင်ငံများ အကြား မိတ်ဘက် အဖြစ် ၁၅ နှစ်ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း ၊ ၁၅ နှစ်မြောက် အချိန်တွင် တစ်ဦး နှင့် တစ်ဦး ယုံကြည်ချက် ပြည့်ဝစွာဖြင့် ရှေ့ဆက်ပြီး စီးပွားရေး အခွင့်အရေးများ ယခုထက် ပို၍ ရှာဖွေ နိုင်မည်ဟုလည်း ယူဆပါကြောင်း ၊ စီးပွားရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်မှုများလည်း ယခုထက် ပို၍ တိုးမြှင့်ပြီး လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာ နိုင်ငံမှ ကရင်ပြည်နယ် ၊ ဘားအံမြို့ကို City of Charm အဖြစ် ပါဝင် ပြသနိုင်ရေး တင်ပြ ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ကွမ်းရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ နန်နင်းမြို့ ၌ စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက် အထိ ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၁၈ အား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၁၃၀ ကျော် ပါဝင် ပြသရန် ရည်မှန်း ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.