Connect with us

Videos

ကမ္ဘာ့အဝဆုံးလူသား ကိုယ်အလေးချိန်လျှော့ချတော့မည်

မက္ကဆီကို၊ နိုဝင်ဘာလ ၂၄ ရက် (ဆင်ဟွာ)

Juan Pedro Franco ဟု အမည်ရသည့် ကီလိုဂရမ် ၅ဝဝ အလေးချိန် ကမ္ဘာ့အဝဆုံး လူသား သည် မက္ကဆီကို နိုင်ငံ အနောက်ပိုင်းပြည်နယ် Guadalajara မြို့တွင် ကိုယ်အလေးချိန်လျှော့ချတော့မည်ဖြစ်ကြောင်းသိရသည်။အသက် ၃၂ နှစ်အရွယ်ရှိ လူဝကြီးသည် နိုဝင်ဘာလ ၁၅ ရက် နေ့ တွင် စတင်ကာ ဆေးဝါးကုသမှုခံယူပြီး ကိုယ်အလေးချိန်လျှော့ချရန် စီစဉ်ထားခြင်းဖြစ်သည်။Juan Pedro Franco “ကျွန်တော်က ကခုန်ရတာကို သိပ်ကြိုက်ပါတယ်။ တကယ်လို့ အဲဒီလိုကခုန်နိုင်မယ်ဆိုအရမ်းပျော်မိမှာပါဘဲ” ဟုပြောကြားခဲ့သည်။ဖရန်ကိုသည် အဝလွန်ရောဂါ ၊ ဆီးချိုရောဂါနှင့် သိုင်းရွက်ရောဂါများကို ခံစားနေရသူဖြစ်သည်။ကလေးဘဝကတည်းက ဖရန်ကိုမှာအဝလွန်ရောဂါရှိသူဖြစ်ကြောင်း ၊ ၎င်း၏မိခင်က ပြောကြားရာတွင် ဖရန်ကိုမှာ မွေးကာစက ၃ ကီလို ခွဲအလေးချိန်ရှိခဲ့ကြောင်း၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ တစ်လ ကို တစ်ကီလို ခန့် အလေးချိန်တိုးလာခြင်းဖြစ်ကြောင်း နှင့် တစ်နှစ်ကို ၁ဝ ကီလို ခန့် အလေးချိန် တက်လာကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.