Connect with us

Videos

ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုကြောင့်သေဆုံးသူဦးရေ ၃ဝ ဦးကျော်မြင့်တက်

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) အောက်တိုဘာလ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင်အကြီးအကျယ် လောင်ကျွမ်းသော တောမီးကြောင့် လက်ရှိအချိန်တွင် သေဆုံးသူဦးရေမှာ ၃၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ဆန်တာရိုဆာ မြို့၏ စုစုပေါင်း ခန့်မှန်း အိမ်ခြေ ၅ ရာခိုင်နှုန်း သို့မဟုတ် အိမ် နှင့် လုပ်ငန်းအဆောက်အအုံ စုစုပေါင်း ၃၅ဝဝ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း မြို့တော်ဝန် Chris Coursey က ဆင်ဟွာကိုပြောကြားခဲ့သည်။ မြေဧကပေါင်း ၂၂ဝဝဝ ဧက မီးသင့်လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယား သစ်တောနှင့်မီးသတ်ဋ္ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ လေပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီးနောက် မီးလောင်မှု ပိုမိုဆိုးရွားလာနိုင်သည့်အတွက် အဆိုပါဒေသကို အနီရောင်အရေးပေါ်အခြေနေအဆင့်သတ်မှတ်ခဲ့ရသည်။ အခြားပြည်နယ်အသီးသီးမှ ရာပေါင်းများစွာသော မီးသတ်ကားများနှင့် မီးသတ်သမားများကလည်း မီးများကို ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရပြီး အခြား မီးမသင့်သေးသည့်တောများသို့ပါ မီးကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်ခဲ့ကြရသည်။ လေပြင်းထန်စွာတိုက်ခတ်ခြင်း၊ ရေခိုးရေငွေ့နည်းခြင်း အပူချိန်မြင့်တက်ခြင်းကြောင့် မီးအရှိန်ပြင်းစွာကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါတောမီးလောင်ကျွမ်းမှုမှာ ကယ်လီဖိုးနီးယားသမိုင်းတလျှောက်တွင် အပျက်အစီးအများဆုံးတောမီးလောင်ကျွမ်းမှု တစ်ခုဖြစ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.