Connect with us

Videos

Yellow Stone အမျိုးသားဥယျာဉ်အောက်ရှိဧရာမမီးတောင်ကြီး

မွန်တားနား၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုရှိ နံမည်ကျော် Yellow Stone အမျိုးသားဥယျာဉ် အောက်တွင်တည်ရှိသည့် ဧရာမမီးတောင်ကြီးမှာနောက်ဆယ်စုနှစ်အနည်းငယ်အကြာတွင် ပေါက်ကွဲနိုင်ဖွယ်ရှိကြောင်း သိရသည်။ ၎င်းမှာ နှစ်ပေါင်း ၆သိန်း ခွဲ တွင် တစ်ကြိမ် ဖြစ်ဖြစ် ထို့ထက်စော၍ဖြစ်ဖြစ် ပေါက်ကွဲနိုင်ကာ ပြာတန်ချိန် ဘီလီယံနှင့်ချီကာ ပန်းထွက်လာနိုင်ပြီး တစ်ကမ္ဘာလုံး ဖုံးလွှမ်းနိုင်ကြောင်း ထိုသို့ဖြစ်နိုင်ခြေမှာ ယခုတွက်ဆထားမှုများထက်အချိန်စော၍လည်း ဖြစ်နိုင်ခြေရှိကြောင်း သုတေသနပြုလုပ်ချက်တစ်ခုအရ သိရသည်။ သို့သော် ယခုလက်ရှိတွင်ထိုမီးတောင်ကြီးမှာပေါက်ကွဲနိုင်သည့် မည်သည့်လက္ခဏာကိုမျှ ပြသခြင်းမရှိသေးကြောင်း နောက်ဆယ်စုနှစ်အတွင်း ပေါက်ကွဲ နိုင်မှုရှိမရှိဆက်လက်စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။ Yellow Stone အမျိုးသားဥယျာဉ် သည် ကမ္ဘာ့ပထမဆုံးအမျိုးသားဥယျာဉ်အဖြစ် လူသိများပြီး ယူနက်စကိုကသတ်မှတ်ပေးထားသော ထိန်းသိမ်းရမည့် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု လည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.