Connect with us

Videos

ကလေးငယ်များ သေဆုံးရမှုကို ကျောပိုးအိတ်ပုံ အထိန်းအမှတ်အုတ်ဂူများဖြင့် ကုလသမဂ္ဂရုံးချုပ်၌ သရုပ်ဖော်ဂုဏ်ပြု

နယူးယောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်ဝင်းအတွင်း မျက်ခင်းပြင်ပေါ်၌ ကုလမသဂ္ဂ ကလေးများရံပုံငွေအဖွဲ့(UNICEF) မှ ကြီးမှူး၍ ကျောပိုးအိတ်ပုံ အထိမ်းအမှတ် အုတ်ဂူငယ် ၃,၇၅၈ လုံးကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် စိုက်ထူ ပုံဖော်ခဲ့သည်။ ယင်း အတန်းလိုက် စိုက်ထူးထားသော ကျောပိုးအိတ်သဏ္ဍာန် အုတ်ဂူများသည် ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ပဋိပက္ခစစ်ပွဲများတွင် သေဆုံးခဲ့ရသည့် ကလေးငယ် တစ်ဦးချင်းစီကို ဂုဏ်ပြုထားခြင်းဖြစ်သည်။ အဆိုပါ သရုပ်ပြအုတ်ဂူငယ်များ သည် ကုလသမဂ္ဂအထွေထွေညီလာခံ နှင့် အကြိမ် ၃ဝ မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက် နှစ်ပတ်လည် အခမ်းအနားသို့တက်ရောက်လာကြမည့် ကမ္ဘာ့ခေါင်းဆောင်များအား ပဋိပက္ခများအတွင်း ကလေးငယ်များ သေဆုံးနေရမှုကို မီးမောင်းထိုး အသိပေးသွားရန်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ နောက်ဆုံးထွက်ရှိခဲ့သည့် နှစ်ပတ်လည်အစီရင်ခံစာ တွင် ၂ဝ၁၈ ခုနှစ်အတွင်း အပစ်အခတ် ပဋိပက္ခများကြောင့် ကလေး ၁၂ဝဝဝ ခန့် ထိခိုက်ဒဏ်ရာရမှု နှင့် သေဆုံးမှုတို့ဖြစ်ပွားခဲ့ကြောင်းဖော်ပြထားပြီး ၎င်းတို့၏ ၄ ပုံ၁ပုံမှာ အသက်ဘေးနှင့် ကြုံတွေ့ရနိုင်ခြေရှိကြောင်း UNICEF ကခန့်မှန်းထားသည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.