Connect with us

Videos

ကော်စတာရီကာသမ္မတ က ဆင်ဟွာသတင်းဌာန ၈၅ နှစ်မြောက်အခမ်းအနား သို့ ဂုဏ်ပြုလွှာပေးပို့

ဆန်တီယာဂို ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis ၏ ဆင်ဟွာသတင်းဌာနပေးပို့သော သဝဏ်လွှာတွင် “ ကော်စတာရီကာနိုင်ငံကနေ ပြီး သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ၈၅ နှစ်မြောက် အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ရေးသားထားသည်။ ထို့ပြင် ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားအမြင်များကို ဖော်ပြပေးရန် နောင်နှစ်ပေါင်းများစွာဆက်လက်တည်ရှိပါစေကြောင်း နှင့် လူသားအားလံုံးအတွက် ငြိမ်းချမ်းခြင်းများကို ဆောင်ယူလာပေးနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း Solis က ရေးသားထားသည်။

၈၅ နှစ်တာကာလအတွင်း ဆင်ဟွာသတင်းအေဂျင်စီသည် တရုတ်နိုင်ငံအတွင်း၌ ပြည်တွင်းဗျူရိုပေါင်း ၃ဝ ကျော် နှင့် ကမ္ဘာတစ်ဝန်းတွင် ဌာနခွဲ နှင့် ဗျူရိုပေါင်း ၁၈ဝ ကျော်ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.