Connect with us

Videos

“ကျွနု်ပ်နှင့်တရုတ်နိုင်ငံ” ဓါတ်ပုံပြပွဲနှင့် အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ယူနန်ဘုံကျောင်းတွင် ကျင်းပ

ရန်ကုန်၊စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ်တစ်ခုအနေဖြင့် “ကျွနု်ပ်နှင့် တရုတ်နိုင်ငံ” ဓါတ်ပုံပြပွဲနှင့် အဖွဲ့လိုက်သီချင်းဆို ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက် တွင် ရန်ကုန်မြို့ ယူနန်ဘုံကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်၊ သံမှူးကြီး ယွီပြင်းကျန်း၊ ထန်စူးဖုနှင့် မြန်မာနိုင်ငံတရုတ်အမျိုးသားအသင်းအဖွဲ့များ၊ တရုတ်စာသင်ကျောင်း များမှ ကိုယ်စားလှယ်များ ၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်သံအမတ်ကြီးချန်းဟိုင်ကတရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးစြင်္ကံတည်ဆောက်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုအားလုံးအတူလက်တွဲအကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဓါတ်ပုံမှတ်တမ်းပြပွဲတွင် ပျော်ရွှင်စဖွယ် တရုတ်နှစ်ကူးပုံရိပ်များ၊ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့်ဖလှယ်ရေးမှတ်တမ်းဓာတ်ပုံများ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် သမိုင်းမှတ်တမ်းများ၊ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်ကျင့်သုံးသည့် ပြောင်းလဲတိုးတက်လာမှုများ ၊ တရုတ်နိုင်ငံ၏ သာယာလှပသောတောတောင်ရေမြေရှုခင်းဓာတ်ပုံများကိုပြသထားကြောင်းသိရသည်။

အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲတွင် မြန်မာနိုင်ငံတရုတ်အမျိုးသားအသင်းအဖွဲ့များ၊ တရုတ်စာသင်ကျောင်းများ အပါအဝင် စုစုပေါင်း ၁၆ ဖွဲ့က ပါဝင်ယှဉ်ပြိုင်သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.