Connect with us

Videos

ဂျပန်နိုင်ငံ အိုဆာကာ၌ ပြင်းအား ၆.၁ ပမာဏရှိ ငလျင်လှုပ်

တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာပြည်နယ်၌ ယနေ့(ဇွန် ၁၈) ရက် နံနက်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူ သုံးဦးသေဆုံးပြီး အခြားလူ ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

ဂျပန်ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ငလျင်ကြောင့် ဂတ်စ်ဓာတ်ငွေ့ပိုက်များပေါက်ထွက်ခြင်း နှင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ လူပေါင်းများစွာ ဓာတ်လှေကားအတွင်းပိတ်မိနေသည်ဟု ယုံကြည်ရကြောင်း ဒေသဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

ငလျင်ကြောင့် ဆူနာမီသတိပေးချက် နှင့် အကြံပြုချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) က ဆိုသည်။ အဆိုပါငလျင်သည် ပြင်းအား ၆.၁ အဆင့်ရှိပြီး ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ငလျင်လှုပ်ခတ်သွားသော ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာပြည်နယ်တွင် နောက်ထပ်ငလျင်များလှုပ်ခတ်နိုင်ကြောင်း ကျွမ်းကျင်သူပေါင်းများစွာက ခန့်မှန်းထားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.