Connect with us

Videos

စစ်ပွဲနှင့်ဒဏ်ခတ်ပိတ်ဆို့ မှုများက အမေရိကန်အတွက် အကျိုးအမြတ်နှင့် ဝင်ငွေအမြောက်အများ ဆောင်ကြဉ်းပေး

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

“စစ်ပွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပတိုက်မှာ ဒုက္ခသည်များစွာတိုးပွားစေတဲ့အပြင်၊ ငွေကြေးဆုံးရှုံးမှုနဲ့ လောင်စာဆီပြတ်လပ်မှုများ ကြုံရလင့်ကစား အမေရိကန်နိုင်ငံအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေအမြောက်အမြားရရှိစေခဲ့တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆိုသည်။

ကျောက်လီကျန်းက “ရုရှားနိုင်ငံ နဲ့ ယူကရိန်းနိုင်ငံအကြားပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းက အမေရိကန် နိုင်ငံက ရုရှားနိုင်ငံအပေါ် တဖက်သတ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အခြားနိုင်ငံတွေကိုလည်း အလားတူဆောင်ရွက်ဖို့အကျပ်ကိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ပြောတဲ့အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၈ နှစ်တာကာလအတွင်း အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတွေအဖွဲ့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း ၈,၀၆၈ ခု လုပ်ဆောင်ခဲ့ပြီး အီရန်နိုင်ငံပြီးရင် ရုရှားနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာဒဏ်ခတ်ပိတ်ဆို့ခံရမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက စပြီး ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ပေါင်း ၅,၃၁၄ ခု အထိချမှတ်ခဲ့ပါတယ် ။ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ လက်ထောက်အတွင်းရေးမှူးဖြစ်သူ Mikhail Popov ပြောတာကိုမှတ်သားရသလောက်တော့ ရုရှားနိုင်ငံက ရေနံတွေကို မဝယ်ယူဖို့ ဥရောပတိုက်နိုင်ငံတွေကို တွန်းအားပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အမေရိကန်ဟာ ရုရှားနိုင်ငံက တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၁၀၀,၀၀၀ နဲ့ ရေနံစိမ်းတင်ပို့မှု ၄၃ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်သွင်းခဲ့ပါတယ်၊ နောက်ပြီး သူတို့နိုင်ငံက ကုမ္ပဏီတွေကိုလည်း ရုရှားနိုင်ငံက ဓါတ်မြေ သြဇာတွေကိုတင်သွင်းခွင့်ပြုခဲ့ပါတယ်၊ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဥရောပတိုက်မှာ ဒုက္ခသည်တွေ ဒုနဲ့ဒေးနဲ့စုပြုံလာစေခဲ့တဲ့အပြင်၊ ငွေကြေးဆုံးရှုံးနစ်နာမှုတွေနဲ့ လောင်စာဆီပြတ်လတ်မှုတွေကြုံတွေနေရပေမဲ့ အမေရိကန်အတွက်တော့ အကျိုးအမြတ်တွေ၊ ငွေကြေးအမြတ်အစွန်းတွေရရှိစေခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

———————–
(English Version)

GLOBALink | War and sanctions bring profit and fortune for the U.S.: Chinese FM spokesperson
BEIJING, April 6 (Xinhua) — “The war and sanctions have brought Europe refugees, capital outflow and energy shortage, but profit and fortune for the United States,” said Chinese Foreign Ministry spokesperson Zhao Lijian on Wednesday.

Zhao Lijian: Since the conflict between Russia and Ukraine broke out, the US has been increasing unilateral sanctions on Russia and coercing other countries to take side. This report you mentioned points out that in the past eight years from 2014, a group of countries, led by the United States, imposed 8,068 sanctions designations on Russia, making it the most sanctioned country in the world followed by Iran. Since February 22 this year, 5,314 new sanctions designations have been slapped on Russia.

I also noted that Russian Security Council Deputy Secretary Mikhail Popov said, in a contrasting move to its pressuring of European countries to not buy Russian oil, the US increased crude oil imports from Russia by 43% to 100,000 barrels per day over the past week, and allowed its companies to import mineral fertilizers from Russia. The ongoing war and sanctions have incurred an influx of refugees, capital outflow and energy shortage in Europe, but enabled the US to earn profit and make a fortune.
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.