Connect with us

Videos

ဟောင်ကောင်တွင် ရက်ပေါင်း ၃၀ အတွင်း အရေးပေါ်ဆေးရုံတည်ဆောက်

ဟောင်ကောင်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်ဗဟို အစိုးရ၏ အထောက်အပံ့ဖြင့်တည်ဆောက်သည့် အရေးပေါ်ဆေးရုံစီမံကိန်း ပထမအဆင့်တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းကိရိယာများအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ သက်ဆိုင်ရာဌာနများထံသို့ ဧပြီ ၇ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ဆေးရုံသည် ဟောင်ကောင်ရှိ Lok Ma Chau Loop ဒေသတွင်တည်ရှိသည်။လွှဲပြောင်းပေးအပ်သည့် ပစ္စည်းကိရိယာများထဲတွင် negative-pressure beds (သီးသန့်လေသန့်စင်ပေးနိုင်သည့်လူနာကုတင်) ၅၀၀ အပါအဝင် အထူးကြပ်မတ်ကုသဆောင် ၃၂ ခုနှင့် ဆေးကုသခန်း ၂ ခန်းတို့ ပါဝင်ကြောင်း သိရသည်။

ဆေးရုံတည်ဆောက်ရေးပထမအဆင့်ကို မတ်လ ၆ ရက်နေ့တွင်စတင်ခဲ့ပြီး ဆေးရုံတည်ဆောက်မှုနှင့် စစ်ဆေးမှုများအားလုံး ဧပြီ ၅ ရက်နေ့တွင် ပြီးစီးခဲ့သည်။

စီမံကိန်းတစ်ခုလုံးပြီးစီးပါက ဆေးရုံ၌ လူနာကုတင် စုစုပေါင်း ၁,၀၀၀ ဖြင့် သီးသန့်လေသန့်စင်ပေးနိုင်သည့်လူနာဆောင်များနှင့် အခြားဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းကိရိယာများပါဝင်သည့် ဆေးရုံတစ်ရုံဖြစ်လာမည်ဟု သိရသည်။
ဆင်ဟွာသတင်းထောက်များက တရုတ်နိုင်ငံ ဟောင်ကောင်မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

——————–
(English Version)
GLOBALink | Workers build emergency hospital in 30 days in Hong Kong
The facilities built in the first-stage construction of an emergency hospital project, aided by China’s central authorities, were handed over to relevant departments in the Hong Kong Special Administrative Region Thursday.
The hospital is located in the Lok Ma Chau Loop area in Hong Kong.
The completed facilities consist of 500 negative-pressure beds, including 32 in intensive care units and two operating rooms.
The first-stage construction of the hospital began on March 6 and was completed and passed evaluation on April 5.
Once the whole project is completed, the hospital will boast negative-pressure wards with a total of 1,000 beds and other medical and supporting facilities.
Xinhua News Agency correspondents reporting from Hong Kong, China.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.