Connect with us

Videos

စွန့်ပစ်အမှိုက်များမှ ဖက်ရှင်ကျသည့် လက်ကိုင်အိတ်များထုတ်လုပ်

ကိုင်ရို၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)

အီဂျစ် လူမျိုး အမျိုးသမီးငယ် ၄ ဦးဖြင့် ဖွဲ့စည်းထားသည့် Up-fuse အဖွဲ့သည် စွန့်ပစ်ပလတ်စတစ် များကို အသုံးပြုကာ လှပပြီး ဖက်ရှင်ကျသည့် လက်ကိုင်အိတ်များအဖြစ် ပြောင်းလဲ ထုတ်လုပ်သည့် လုပ်ငန်းအား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့ အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ ပလတ်စတစ်ပစ္စည်းများ ကို အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေမည့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန်ဖြစ်သည်။

Up-fuse အဖွဲ့ ပူးတွဲ တည်ထောင်သူ Yara Yassin

“ ကျွန်မတို့ Up-fuse အဖွဲ့ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နဲ့ အီဂျစ်နိုင်ငံထုတ် ပစ္စည်းတွေကို ကမ္ဘာ့ အဆင့်မီ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ

ကျွန်မတို့အနေနဲ့ ကုန်ပစ္စည်းတွေထုတ်လုပ်ဖို့ကိုပဲ အဓိက အလေးထားတာမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးဖို့ကြိုးစားနေပါတယ်

ကုန်ကြမ်းပစ္စည်းတွေကိုလည်း သဘာဝနဲ့ လိုက်လျောညီထွေရှိစေဖို့ စီစဉ်ထားပါတယ်”

Up-fuse အလုပ်ရုံတွင် စွန့်ပစ် ပလတ်စတစ်အမှိုက်များကို စုဆောင်းသူ၊ ဒီဇိုင်းဆွဲသူနှင့် အိတ်များကိုချုပ်လုပ်သူ ဝန်ထမ်းစုစုပေါင်း ၁၆ ဦးရှိသည်ဟုသိရသည်။ လက်ရှိတွင် ၎င်းအဖွဲ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အမှိုက်မြို့တော်ဟု ခေါ်တွင်သည့် Mansheyet Naser ဒေသ မှ အမှိုက်များကို ပြန်လည်သန့်စင်ရန် ဒေသခံ NGO အဖွဲ့တစ်ခုနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၎င်းမှ ရရှိသည့် အခွန်အခများကို NGO မှ တစ်ဆင့် Mansheyet Naser လူထုအသိုင်းအဝိုင်းထံသို့လှူဒါန်းကာ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် ထောက်ပံ့မှုပြုလုပ်ရန်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.