Connect with us

Videos

တရုတ်နိုင်ငံက ကင်ညာနိုင်ငံ၌ စွန့်ပစ် ပလတ်စတစ်များအား ကုန်ချော ပြန်လည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်

မွန်ဘာဆာ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် Weeco ကုမ္ပဏီက ကင်ညာနိုင်ငံ အရှေ့ပိုင်းတွင် အမေရိကန် ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ စွန့်ပစ် ပလတ်စတစ် ပစ္စည်းများအား ကုန်ချောပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်သည့် စက်ရုံ တစ်ရုံကို ဖွင့်လှစ်ခဲ့သည်။ ၎င်းစက်ရုံက လစဉ် ပလတ်စတစ် တန်ချိန်ပေါင်း ၂ဝဝဝ တန်ကို ချည်လုံးများနှင့် ပေါ်လီရက်စတာ ချည်မျှင် များ အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည်။ ယခုစက်ရုံမှာ ကင်ညာနိုင်ငံ အရှေ့ပိုင်း Athi မြစ်ကမ်းမြို့တွင် တည်ဆောက်ခြင်းဖြစ်ပြီး နောက်စက်ရုံတစ်ခုကို ကမ်းရိုးတမ်းဒေသ မွမ်ဘာဆာတွင် ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်သည်။ ပလတ်စတစ်များကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်နွမ်းမှုကို ကာကွယ်နိုင်ရန် ယခုကဲ့သို့ ပလတ်စတစ်များကို ပြန်လည် အသုံးချသည့် စက်ရုံများကို တည်ဆောက်ခြင်းဖြစ် သည်။ Weeco ကုမ္ပဏီ က ကင်ညာနိုင်ငံ PETCO ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက် ကို လည်း လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.