Connect with us

Videos

ကမ္ဘာ့ပထမဆုံးတွင်းနက်ဓာတ်ပုံများကို ရှန်ဟိုင်းမြို့နှင့်အတူ အခြားကမ္ဘာ့မြို့ကြီးများတွင် ထုတ်ဖော်ပြသ

ရှန်ဟိုင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ဧပြီ ၁ဝ ရက်တွင် ရှန်ဟိုင်းအာကာသစူးစမ်းလေ့လာရေးအဖွဲ့( SAO) က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အလှမ်းကွာဝေးလှသော M87 နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသော ဧရာမတွင်းနက်ကြီး(black hole) တစ်ခုကိုရိုက်ကူးထားသည့် ကမ္ဘာ့ပထမဆုံးတွင်းနက်ဓာတ်ပုံကို ထုတ်ဖော်ပြခဲ့သည်။

အဆိုပါ တွင်းနက်ဓာတ်ပုံကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် မြေပြင်အခြေစိုက် ရေဒီယိုတယ်လီစကုပ် ၈ ခုမှ နေ၍ စကြဝဠာအစုအဖွဲ့တစ်ခု၏ ရေပြင်ညီတယ်လီစကုပ်(EHT) အပါအဝင် စူးစမ်းလေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ရှိချက်များကို ဧပြီ ၁ဝ ရက် ပေကျင်းဒေသစံတော်ချိန် ည ၉ နာရီတွင် တစ်ကမ္ဘာလုံး၌ သတင်းစာရှင်းလင်းပွဲများပြုလုပ်ကာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ရှိချက်ရလဒ်က သိပ္ပံပညာရှင်များအတွက် ကမ္ဘာကျော်ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း(Albert Einstein)၏ general relativity နိယာမ ဟောကိန်းဖြစ်သော စကြာဝဠာအတွင်းရှိ အလွန်ကြီးမားသော အရာဝတ္ထုများ ကို လေ့လာရန် နည်းလမ်းသစ်တစ်ခု ထွက်ပေါ်စေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.