Connect with us

Videos

တရုတ်နိုင်ငံက ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရန်အားထုတ်ဆောင်ရွက်

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ရာသီဥတုက ပူနွေးလာသည်နှင့်အမျှ တရုတ်နိုင်ငံတစ်ဝန်းရှိ တောင်သူများမှာ နွေဦးကောက်နှံရိတ်သိမ်းရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းကောက်ပဲသီးနှံဈေးနှုန်းကြီးမြင့်သည့် ကာလတွင် နိုင်ငံ၏ ကောက်ပဲသီးနှံဖူလုံမှုရှိစေရန် နိုင်ငံတစ်ဝန်း၌ ကောက်နှံများအား အင်တိုက်အားတိုက် ရိတ်သိမ်း လျက်ရှိသည်။

နွေဦးကောက်ရိတ်သိမ်းရာတွင် ခေတ်မီလယ်ယာထွန်ယက်စနစ်ကိုလည်းကျယ်ပြန့်စွာအသုံးပြုလျက်ရှိသည်။Heilongjiang Beidahuang Agriculture Co., Ltd.မှ Qixing ဌာနခွဲ ညွှန်ကြားရေးမှူးဖြစ်သူ MENG QINGSHAN က “မိရိုးဖလာလယ်ယာစိုက်ပျိုးရေးနည်းစနစ် တွေကနေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ စမတ်နည်းပညာတွေကိုပြောင်းလဲအသုံးပြုလာတာပါ။ ကျွန်တော်တို့ရဲ့ ကိရိယာတွေကို Beidou ဂြိုဟ်တု တည်နေရာညွှန်ပြစနစ်နဲ့ ချိတ်ဆက်ထားတာပါ။ မြေပြင်မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်စနစ်သုံးလယ်ယာစိုက်ပျိုးရေးစက်ကိရိယာတွေ၊ ယာဉ်တွေရှိပါတယ်၊ စိုက် ခင်းတွေထဲမှာ ကျွန်တော်တို့ဟာ ရွှံ့တွေရေတွေနဲ့ပတ်သက်တဲ့ အချက်အလက်အမျိုးမျိုးကိုကောက်ယူဖို့ ဆင်ဆာစနစ်တွေကိုအသုံးပြုပါတယ်၊ အချက်အလက်အမျိုးစုံကို အသိဉာဏ်တု စင်္ကြံကနေတစ်ဆင့်စုဆောင်းရယူထားပါတယ်” ဟုဆိုသည်။

ယခုနှစ်ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်လာကြောင်း တောင်သူများကဆိုသည်။တရုတ်နိုင်ငံက ကောက်ပဲသီးနှံ ထုတ်လုပ်မှုလိုအပ်ချက်အားပြည့်မီစေရန်ပြည်တွင်းပိုတက်ရှ် ဓာတ်မြေသြဇာ တန်ချိန် ၁ သန်းကို ပြည်တွင်းဈေးကွက်သို့ဖြန့်ဝေခဲ့သည်။“အခုကာလက နွေဦး ကောက်နှံထွန်ယက်ဖို့နဲ့ စိုက်ပျိုးဖို့ အရေးကြီးတဲ့အချိန်ဖြစ်ပြီး အော်ဂင်းနစ် ဓာတ်မြေသြဇာ ဈေးကွက်လိုအပ်ချက်လည်းသိသိသာသာကြီးမားပါတယ်၊ ကျွန်တော်တို့ဟာ ထုတ်လုပ်မှုပမာဏတိုးတက်စေဖို့နဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အင်အားအပြည့်နဲ့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟုဆိုသည်အရည်အသွေးသာလွန်ကောင်းမွန်သော ကောက်ပဲသီးနှံများကိုရရှိစေရန် ဆန်းသစ်တီထွင်ထားသည့် နည်းပညာအသစ်အဆန်းများကိုလည်းအသုံးပြုထုတ်လုပ်ကြောင်းသိရသည်။

ဂျုံလုပ်ငန်းကျွမ်းကျင်သူ က “လူတိုင်းအစားစားဖို့လိုအပ်ပါတယ်၊ လယ်ယာ စိုက်ပျိုးရေးဟာ အရေးကြီးပါတယ် အဲဒီလိုပဲ နည်းပညာတီထွင်ဆန်းသစ်နိုင်မှုလည်းအခရာကျပါတယ်” ဟုဆိုသည်။

တရုတ်နိုင်ငံသည်၂၀၂၂ ခုနှစ်တွင် တစ်နှစ်တာကာလပတ်လုံးကောက်ပဲသီးနှံထွက်ရှိမှု ပမာဏ ကီလိုဂရမ်ပေါင်း ၆၅၀ ဘီလီယံ ကျော်ထွက်ရှိရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၌ ကောက်ပဲသီးနှံ စိုက်ပျိုးဟက်တာပေါင်း သန်း၁၁၇ ကျော်လွန်ခဲ့ပြီး ကောက်ပဲသီးနှံထွက်ရှိမှုပမာဏမှာ ကီလိုဂရမ်ပေါင်း ၆၈၃ ဘီလီယံ ကျော်ထွက်ရှိပြီး စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

………………..
(English Version)
China strengthens domestic grain supply

As the weather turns warm, farmers across China are busy with spring farming.

Strenuous efforts nationwide are being made to guarantee the country’s grain security amid the global climbing up of grain prices.

Modern farming machinery is widely used in spring farming.

SOUNDBITE 1 (Chinese): MENG QINGSHAN, Director, Qixing Branch of Heilongjiang Beidahuang Agriculture Co., Ltd.
“Smart agriculture technologies have changed the traditional way of farming. Our equipment is fitted with the Beidou satellite navigation system. On the ground, we have intelligent agricultural machinery and equipment. In the fields, we use sensors for various information collection in mud and water. All kinds of data are collected on the intelligent platform.”

Farmers say the price of fertilizers has been on the rise this year.

China released 1 million tonnes of national potash fertilizer reserves to the domestic market to meet production needs.

SOUNDBITE 2 (Chinese): ZHAO BAOZHONG, General Manager of Jingyang Biological Fertilizer Co., Ltd.
“It’s the critical period of spring ploughing and planting, and the market demand for organic fertilizers is particularly large. We are working at full capacity to increase production and ensure market supply.”

New technological innovations have also been adopted to develop superior grain varieties.

SOUNDBITE 3 (Chinese): LIU JIANJUN, Wheat expert
“Every one has to eat. Agriculture is very important, and so is the technological innovation.”

China has set a target to ensure the full-year grain output stays above 650 billion kg in 2022.

Last year, China’s grain output hit a new high of 683 billion kg, with grain farmland exceeding 117 million hectares.

Xinhua News Agency correspondents reporting from Beijing.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.