Connect with us

Videos

တရုတ်-လာအိုရထားလမ်း ဖြင့် ထိုင်းနိုင်ငံမှအသီးအနှံများ ကို တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့

ဗီယန်ကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံဗီယန်ကျင်းမှ ထွက်ခွါလာသည့် ရထားဖြင့် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ အသီးအနှံများကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ပထမဆုံးအကြိမ်တင်ပို့ခဲ့ကြောင်း သိရသည်။

ယခု အသုတ် ထိုင်းနိုင်ငံမှ အသီးအနှံများတင်ပို့မှု၌ ဒူးရင်းသီးတန်ချိန်ပေါင်း ၄၀ တန် နှင့် အုန်းသီးတန်ချိန်ပေါင်း ၂၀ တန် ပါဝင်ပြီး ထိုင်းနိုင်ငံမှ ဗီယန်ကျင်းသို့ ကြိုတင်ရောက်နှင့်ကာ တရုတ်-လာအိုရထားလမ်း၏ ဗီယန်ကျင်းတောင်ပိုင်းဘူတာမှ ထွက်ခွါပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့်နယ်စပ်ဒေသဖြစ်သည့် Luang Namtha ပြည်နယ်ရှိ Nateuy ဘူတာသို့ ဧပြီ ၁ရက်နေ့က ဆိုက်ရောက်ခဲ့သည်။

အသီးအနှံများကို ဗီယန်ကျင်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၃၆၀ အကွာရှိ Nateuy ဘူတာမှ ထရပ်ကားများဖြင့်တင်ဆောင်ကာ နယ်စပ်ကိုဖြတ်ပြီးတရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တရုတ်-လာအိုရထားလမ်းမှ တစ်ဆင့် တင်ပို့ခြင်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်။

လာအို-တရုတ်ရထားလမ်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ဗီယန်ကျင်းတွင်အခြေစိုက်ပြီး တရုတ်-လာအိုရထားလမ်းပိုင်း၏ လာအိုနိုင်ငံဘက်ခြမ်းလည်ပတ်ရေးကိုတာဝန်ယူသည့် အကျိူးတူ ကုမ္ပဏီတစ်ခုဖြစ်သည်။ ထိုကုမ္ပဏီက ထိုင်းနိုင်ငံမှ အဆင့်မြင့်အရည်အသွေးရှိထုတ်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့လိုပြီးနောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ရထားလမ်းမှတစ်ဆင့်ဥရောပတိုက်နိုင်ငံများ အထိ တင်ပို့ရန် ရည်ရွယ်လျက်ရှိရာ ၎င်းမှာ တရုတ်-လာအိုရထားလမ်း၏ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရာတွင် အရေးကြီးသည့်အခန်းကဏ္ဍကို ထင်ဟပ်နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………………
(English Version)
GLOBALink | 1st batch of Thai fruits shipped to China by China-Laos Railway
Fruits from Thailand have been shipped to southwest China’s Yunnan Province by the China-Laos Railway for the first time from the Lao capital Vientiane.
This batch of Thai fruits, 40 tons of durians and 20 tons of coconuts, which arrived in Vientiane from Thailand days ago, departed from the Vientiane South Station of the China-Laos Railway and reached the Nateuy Station in Luang Namtha Province on Friday, which borders China’s Yunnan Province.

The fruits were transited to trucks in Nateuy Station, some 360 km north of Vientiane, and crossed the border to China by road.
This is the first time that Thai agricultural products have been transported to China by the China-Laos Railway.
The Laos-China Railway Co. Ltd., a joint venture based in Vientiane responsible for the operation of the Lao section of the China-Laos Railway, expects that more high-quality produce from Thailand will be delivered to China and even Europe through the cross-border railway in the future, which further highlights the importance of the China-Laos Railway in driving regional economic development.
Xinhua News Agency correspondents reporting from Vientiane.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.