Connect with us

Videos

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့် အသုံးပြုမည်

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရအနေဖြင့်  ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီကာ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားမြစ်ရန်နှင့် ထိန်းချုပ်မှု ပြုလုပ်ရေး ကဏ္ဍစုံ၌ အသုံးပြုနိုင်ရေးအတွက် ယွမ် ၁၁၀.၄၈ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၅.၉၂ ဘီလီယံ) ကို အသုံးပြုသွားမည်ဟု ဗုဒ္ဓဟူးနေ့ (မတ် ၄ ရက်) တွင် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ရွှီဟုန်ချိုင် က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။  ထိုကြောင့် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အသုံးပြုခဲ့သည့် ရန်ပုံငွေမှာ ယွမ်၇၁.၄၃ ဘီလီယံရှိနေပြီဖြစ်ပြီး ၃၉.၀၅ ဘီလီယံမှာ အသုံးမပြုရသေးသည့်ရန်ပုံငွေဖြစ်သည်။  ဒုဝန်ကြီး ရွှီ က ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန အနေဖြင့် ဟူပေပြည်နယ်အတွင်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ပုံငွေခွဲဝေချထားမှုကိုလည်း အရှိန်မြှင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.