Connect with us

Videos

တရုတ်နိုင်ငံတွင် ပထမဆုံး အသိဉာဏ်နည်းပညာသုံး အဝေးပြေးလမ်းကိုဖောက်လုပ်

ကျဲ့ကျန်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် အသိဉာဏ်နည်းပညာသုံး အဝေးပြေးလမ်းကို ပထမဆုံးအနေဖြင့်ဖောက်လုပ်လျက်ရှိသည်။ အဆိုပါလမ်းတွင် ယာဉ်မောင်းနှင်ရာတွင် အချက်ပြနိုင်မည့်ဆင်ဆာစနစ်နှင့် ဆိုလာအလင်းထုတ်ယူစနစ်တို့ကို အဓိက တပ်ဆင်ထားပြီးလမ်း၏ သတိပေးစနစ်က မော်တော်ယာဉ်မတော်တဆမှုများဖြစ်ပွားမှုမှလုံခြုံ ိစိတ်ချရစေမည် ဟုသိရသည်။ မောင်းသူမဲ့ကားများမောင်းနှင်နိုင်ရန် အင်တာနက်ယာဉ်လိုင်းထိန်းချုပ်မှုကွန်ရက် မှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ဟန်ကျိုးမြို့နှင့် နင်ပိုမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားသည်။ အဆိုပါအဝေးပြေးလမ်းမှာ ၆ လမ်းသွားလမ်းမကြီးဖြစ်ပြီး ၁၆၁ ကီလိုမီတာအရှည်ရှိပြီး ၂ဝ၂၂ ခုနှစ်တွင် အပြီးဖွင့်လှစ်နိုင်ရန် လျာထားကြောင်းသိရသည်။ အဆိုပါအဝေးပြေးလမ်းမကြီးဖောက်လုပ်ပြီးစီးပါက ခရီးသွားလာမှု ကြာချိန် အနည်းဆုံး နှစ်နာရီလျှော့ချနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.