Connect with us

Videos

တရုတ်နိုင်ငံမှ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ တရုတ် သံအမတ်ကြီးနှင့် အင်တာဗျူး

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) မှ သြဂုတ်လ ၆ ရက်နေ့ တွင် ရေးဘေးဒဏ် ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက် လှူဒါန်းမှု များပြုလုပ်ရာမှ ပြန်လည်ရောက် ရှိလာချိန်တွင် ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူး ကို ယခုလို ဖြေကြားခဲ့သည်။

သြဂုတ်လ (၅) ရက်နေ့ ကလည်း တရုတ်သံရုံးတွင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများနှင့် ရေဘေးကူညီကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ များ နှင့် တရုတ် နိုင်ငံ အရပ်ဘက် Blue Sky ကယ်ဆယ်ရေး အဖွဲ့ တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ယူနန် ပြည်နယ် အစိုးရ မှလည်း ရေဘေးသင့် ပြည်သူများ အတွက်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း သံအမတ်ကြီး ကပြောကြားခဲ့ပါသည်။

သံအမတ်ကြီး မစ္စတာဟုန်လျန်မှ တရုတ် နိုင်ငံတော် အစိုးရမှ လှူဒါန်းမည့် ပထမ အသုတ် အကြီးစား ထောက်ပံ့ရေး ပစ္စည်းများသည် တရုတ် နိုင်ငံ ပေကျင်းမြို့မှ အထူးလေယာဉ် ဖြင့် လာရောက် ပို့ဆောင် မည် ဖြစ်ကြောင်း၊ထို့ပြင် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အတွက် လွန်စွာ အသုံးဝင်သည့် မိုးလေဝသ ဂြိုလ်တု အချက်အလက် များနှင့် ရေဘေးဒုက္ခ အခြေအနေ ဆိုင်ရာ တွက်ချက်မှု စာရင်း များကိုလည်း ပေးပို့ ထားပြီး မြန်မာ နိုင်ငံ မှ ရေဘေးဒုက္ခ အခြေအနေ တိုင်းတာ တွက်ချက် ကာ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု တွင် အထောက်အကူ ပြုနိုင်ရန် ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် အိမ်နီးချင်း နိုင်ငံ များ၏ သဘာဝဘေး ကာကွယ်တားဆီးရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်း များတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ပြီး အိမ်နီးချင်း နိုင်ငံများကို ကူညီကာ ဤဒေသ၏ သဘာဝ ဘေး ရင်ဆိုင် ဖြေရှင်း မည့် စနစ်တရပ် ကို အကောင်ထည်ဖော် ဆောင်ရွက် ရန် လိုအပ် ကြောင်း အထူးပြောကြား ခဲ့ကြောင်းသိရပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.