Connect with us

Videos

ဦးနု၊ဒေါ်မြရီ ဖောင်ဒေးရှင်းမှ ကျန်းမာရေးနှင့် ပညာရေးအတွက် ထောက်ပံ့မည်

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု တည်ထောင်ထားသည့် ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းမှ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် ထောက်ပံ့မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်သန်းသန်းနုက ပြောကြားသည်။

အဆိုပါ ဖောင်ဒေရှင်းတည်ထောင်ရန် မတည်ငွေ ကျပ် သိန်း၁၀၀ကို ဦးနု သမီးနှင့် အလှူရှင်များက မတည်ထားပြီး ခြေလက် မသန်စွမ်းသူများ အတွက် ခြေတုလက်တု အစားထိုးပေးခြင်း၊ ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်သော ဆေးဝါးများ ပေးလှုခြင်း၊ ပညာရေးအတွက် စာအုပ်စာတမ်းများ၊ ကျောင်းသုံး ပစ္စည်းများ ပေးလှုခြင်း၊ ပညာရေး ရံပုံငွေ အဆောက်အဦး ရံပုံငွေများ ပေးလှုခြင်း၊ အရေးပေါ် လိုအပ်သော စားသောက်ဖွယ်ရာ၊ အသုံးအဆောင် အဝတ်အထည်များ ပေးလှုခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် ၎င်း၏ ဇနီးအမည်ဖြင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း ကို သြဂုတ် ၆ ရက်က စတင် တည်ထောင်လိုက်ပြီး ဦးနု၏ သမီးများဖြစ်သည့် ဒေါ်စန်းစန်းနုနှင့်ဒေါ်သန်းသန်းနုတို့က ဦးစီးတည်ထောင် လိုက်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.