Connect with us

Videos

တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဓါတ်အားပေးတာဝါတိုင်

ကျဲ့ကျန်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးရှန်းတွင် ၅ဝဝ ကီလိုဗို့အားရှိ လျှပ်စစ်ဓါတ်အားပေးစီမံကိန်း မှ တစ်ဆင့် မကြာမီ ကျိုးရှန်းမြို့တစ်မြို့လုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။ ထိုလျှပ်စစ်ဓါတ်အားပေးစီမံကိန်းအတွက် ၃၈ဝ မီတာအရှည်ရှိသည့် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်နှစ်ခု မှာ ကမ္ဘာ့အမြင့်ဆုံးတာဝါတိုင်များဖြစ်လာသည်။ ၎င်းစီမံကိန်းတွင် ကျွန်းနှစ်ကျွန်းအကြား အကွာအဝေး ၂၆၅၆ မီတာကိုဓါတ်အားပေးကြိုးများဖြင့်သွယ်တန်းရပြီး ဝန်ထမ်းများမှာ သက်စွန့်ဆံဖျားကြိုးစားတပ်ဆင်ရသည့် စိန်ခေါ်မှုများစွာရင်ဆိုင်ရသည့် လျှပ်စစ်ဓါတ်အားပေးစီမံကိန်းတစ်ခုလည်းဖြစ်သည်။ စီမံကိန်းတွင် ဓါတ်အားပေး ကြိုးများတပ်ဆင်ထားမှု အခြေအနေများနှင့် အခြား အပြစ်အနာအဆာများရှိမရှိ စစ်ဆေးသည့်အဖွဲ့က လျှပ်စစ်ဓါတ်အားပေးကြိုးများပေါ်တွင် သက်စွန့်ဆံဖျားတက်ရောက်ကာ စစ်ဆေးမှုများကိုပြုလုပ်ရသည်။ စီမံကိန်းပြီးစီးပါက ဒေသအတွင်းစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့်လျှပ်စစ်ဓါတ်အားများကို လုံလောက်စွာဖြန့်ဖြူးပေးနိုင်မည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.